Realme 15T (5G)
Slim & Sleek design လေးလဲ ကိုင်ချင်တယ် Battery mAh များများနဲ့ နေရောင်ထဲမှာတောင်ထင်းနေအောင်မြင်ရတဲ့ Display မျိုးလဲ လိုချင်တယ်ဆိုရင်တော့ Realme 15T (5G) လေးရှိပါတယ်။ Screen အနေနဲ့ 6.57 inches, AMOLED Display သုံးပေးထားပြီးတော့ Screen refresh rate ကို 120Hz အထိ Support ပေးထားပါတယ်။ တိုက်ရိုက်နေရောင်ထဲမှာတောင် ရှင်းရှင်းလင်းလင်း မြင်ရစေဖို့ အတွက် Peak brightness 4000 nits အထိလဲရပါသေးတယ်။ Chipset ကို Mediatek Dimensity 6400 Max (6 nm) သုံးပေးထားပါတယ်။ 50MP Dual AI Camera တွေသုံးပေးထားလို့လဲ ပုံလှလှလေးတွေကို ဖမ်းယူနိုင်စေမှာပါ။ 7000 mAh ရှိတဲ့ Battery ကြီးကြောင့်လဲ အား တော်ရုံနဲ့ကုန်မှာကို စိုးရိမ်နေစရာမလိုမဲ့အပြင် 60W Fast charging အထိ Support ပေးထားတဲ့အတွက် ကြောင့် 7000 mAh Battery မျိုးကိုတောင် ခဏလေးနဲ့ အားပြန်ပြည့်စေမှာပါ။
Realme C71
Forest Owl
White Swan
ဆွဲဆောင်မှုအပြည့် Light Feather Design လေးနဲ့ Realme C71 ကတော့ 6.67 inches,IPS LCD, 120Hz Display ဖြစ်လို့ ကြည်လင်တဲ့ရုပ်ထွက်နဲ့အမိုက်စားခံစားမှုကိုရစေမှာပါ။ Unisoc T7250 (12 nm) Chipset နဲ့မလို့ Daily Task တွေကို ပေါ့ပေါ့ပါးပါးလုပ်ဆောင်နိုင်ဦးမှာပါ။ ဝင်လာတဲ့ Notification တိုင်းကို အလွယ်တကူသိနိုင်စေမဲ့ Pluse Light လေးကလည်း လုံးဝအထာကျစေမှာပါ။ Camera ပိုင်းမှာလည်း Main Camera 50 MP နဲ့ Selfie Camera 5 MPကိုသုံးထားပေးပါတယ်။ 6300mAh Battery ကိုမှ 45W Fast Charging နဲ့ဆိုတော့ တစ်ခါအားသွင်းထားရုံနဲ့ တစ်ရက်တာကို အေးဆေးဖြတ်သန်းနိုင်မှာပါနော်။IP 64 Water Resistance ဖြစ်လို့ တော်ရုံရေစို ရေစင်တာလောက်ကို စိတ်ပူစရာမလိုတော့ဘူးပေါ့။
Realme C85 (4G)
1,079,900 Ks – 1,279,000 Ksအားကိုးအားထားလို့ရမဲ့ Performance တွေနဲ့ ပွဲထွက်လာတဲ့ Realme C85 (4G) မှာတော့7000mAh Battery ကြီးကို အသုံးပြုပေးထားလို့ endurance ပိုင်းကတော့ စိတ်ပူနေဖို့လိုမှာမဟုတ်ပါဘူး။ Charging ပိုင်းမှာကျတော့လဲ 45W Fast Charging အထိကို Support ပေးထားပါသေးတယ်။ 6.8 inches အရွယ် Screen Size ကိုမှ IPS LCD ကိုသုံးပေးထားပါတယ်။ 144Hz အထိ Support ပေးထားတဲ့ Refresh Rate နဲ့ Qualcomm SM6225 Snapdragon 685 (6 nm) Chipset ကြောင့်လဲ fluid ဖြစ်တဲ့ multitasking တွေကိုစွမ်းဆောင်နိုင်မှာပါ။ Camera ပိုင်းတွေမှာလဲ Main Camera အနေနဲ့ 50 Mp, Selfie Camera အနေနဲ့ 8 Mp ကိုအသုံးပြုပေးထားပါတယ်။
Realme Note 80 (4G)
ArmorShell™ Protection နဲ့ 1.8 meters က Drop ကိုတောင် ခံနိုင်ပြီး အကြမ်းခံမှုကို ဦးစားပေးထားတဲ့ entry-level durability ဖုန်းမျိုးလိုချင်တာဆိုရင်တော့ Realme Note 80 ရှိပါတယ်။ 6.74 inches Screen ကိုမှ LCD Display နဲ့ Screen Refresh Rate 90Hz အထိ Support ပေးပါတယ်။ Chipset ပိုင်းမှာတော့ Unisoc T7250 (12 nm) ကိုအသုံးပြုပေးထားလို့ Daily Use အတွက် အဆင်ပြေစေမှာပါ။ Camera ပိုင်းမှာတော့ Main Camera 8 MP နဲ့ Selfie Camera 5 MP ကိုအသုံးပြုပေးထားပါတယ်။ Battery ကို 6300 mAh Battery အသုံးပြုထားတာကြောင့် ကြာကြာခံမှာကတော့ အသေအချာပါဘဲ။ Charging ကို 15W အထိ Support ပေးထားပါတယ်။



