Vivo V60 (5G)
နာမည်ကြီး Camera lenses Company ZEISS နဲ့ Collab လုပ်ထားတဲ့ triple-camera ကြောင့် ဓာတ်ပုံကောင်းကောင်းရိုက်ချင်သူတွေ လုံးဝ သဘောကျမဲ့ Vivo V60 (5G)။ 6.77 inches Screen ကို AMOLED Display (120Hz) သုံးပေးထားပြီး Chipset ပိုင်းမှာလဲ Qualcomm ရဲ့ Snapdragon 7 Gen 4 သုံးထားလို့ Daily Use ပိုင်းသာမက Game ဆော့ရင်လဲ ပေါ့ပေါ့ပါးပါး ဆော့လို့ရမှာပါ။ Camera ပိုင်းကိုတော့ Optics ပိုင်းမှာ နာမည်ကြီးဖြစ်တဲ့ ZEISS နဲ့ တွဲထုတ်ထားတဲ့ Professional Triple Camera ကိုသုံးပေးထားပါတယ်။ 50 MP (wide), 50 MP (periscope telephoto), 8 MP (ultrawide)။ Selfie Camera ကို 50 MP သုံးပေးထားပြီး 6500 mAh Si/C Li-Ion Battery သုံးပေးထားလို့ အားအမြန်ကုန်မှာပူနေစရာမလိုတော့ပါဘူး။ Charging ပိုင်းကိုလဲ 90W (wired) အထိ Support ပေးထားပါတယ်။
Vivo V70 (5G)
ZEISS နဲ့ Collab လုပ်ထားတဲ့ Triple-Camera ကြောင့် ဓာတ်ပုံဖြစ်ဖြစ်၊ Video တွေဖြစ်ဖြစ် လန်ထွက်နေစေမယ့် Vivo V70 (5G) ကိုတော့ 6.59 inches AMOLED Display ကိုသုံးပေးထားပါတယ်။ Chipset အနေနဲ့ကလဲ Qualcomm SM7750-AB Snapdragon 7 Gen 4 ကိုအသုံးပြုပေးထားတာကြောင့် V70 က Camera တစ်မျိုးထဲတင်ကြမ်းတာမဟုတ်ဘူးဆိုတာသိသာပါတယ်။ Main Camera မှာ 50MP,50MP,8MP ဆိုတဲ့ Triple Camera ကိုသုံးထားပြီး Selfie Camera ကို 50 MP သုံးပေးထားပါတယ်။ Si/C Li-Ion 6500 mAh Battery ကိုမှ charging ကလဲ 90W အထိ Support ပေးထားတာကြောင့် အားသွင်းရတာလဲ မြန်စေမှာ ဖြစ်ပါတယ်။
Vivo V70 FE (5G)
OIS Feature နဲ့ 200 MP တောင်ပါတဲ့ Camera ကတော့ Vivo V70 FE (5G) ကို ထင်ပေါ်စေတဲ့ အချက်တွေထဲကတစ်ချက်ပါဘဲ။ 6.83 inches အရွယ် AMOLED Display ကိုသုံးပေးထားပြီး 120Hz Refresh အထိ Support ပါတယ်။ Chipset လဲ Mediatek Dimensity 7360 Turbo (4 nm) နဲ့ အားဖြည့်ပေးထားတာမလို့ စွမ်းဆောင်နိုင်စွမ်းကတော့ ပြောစရာမလိုလောက်အောင်ပါဘဲ။ Selfie Camera 32 MP သုံးပေးထားပါတယ်။ Si/C Li-Ion Battery ကိုမှ 7000 mAh သုံးပေးထားပြီး 90W Fast Charging အထိ Support ပေးတာကြောင့် အားခံတဲ့အပြင် အားသွင်းကလဲ ရှယ်မြန်မှာပါ။
Vivo X300 Pro (5G)
Professional-Grade photography ရိုက်ချင်သူများသဘောကျစေမယ့် vivo X300 Pro မှာတော့ ZEISS-engineered camera system ကို အသုံးပြုပေးထားပြီးတော့ Camera ပိုင်းမှာလဲ Zoom စွဲကြည့်ရင် ကြည်တောက်နေစေမယ့် 200 MP (periscope telephoto) နဲ့ 50 MP (wide), 50 MP (ultrawide) ဆိုပြီး Triple သုံးပေးထားလို့ ဘယ်လိုဘဲ ရိုက်ရိုက် ပုံထွက်တွေက မိုက်နေမှာတော့ အသေအချာပါဘဲ။ Selfie Camera အတွက်လဲ 50 MP သုံးပေးထားပါတယ်။ Screen Size ကတော့ 6.78 inches ရှိပြီး LTPO AMOLED Display သုံးပေးထားပြီး 120Hz Screen Refresh Rate အထိ Support ပေးထားပါတယ်။ Mediatek Dimensity 9500 (3 nm) Chipset ကြောင့်လဲ Multitasking ပိုင်းနဲ့ လိုအပ်တဲ့ Software တွေကို ချောချောမွေ့မွေ့ Run နိုင်မှာပါ။ Battery ပိုင်းမှာလဲ Si/C Li-Ion 6510 mAh ကိုသုံးပေးထားပြီး 90W အထိ Charging Support ပေးထားပါတယ်။
Vivo Y05
739,800 Ks – 839,800 Ksအလုပ်အရှုပ်ဆုံးနေ့တွေမှာ သင်နဲ့ အချိန်ပြည့်အတူရှိနေပေးမဲ့ Vivo Y05 မှာတော့ Video playback 29 လောက်ထိတောင် အကြည့်ခံစေမဲ့ Li-Ion 6500 mAh ကိုအသုံးပြုပေးထားပါတယ်။ Charging ပိုင်းမှာလဲ 15 W အထိ Support ပေးထားပါတယ်။ 6.74 inches Screen ကိုမှ IPS LCD Display ကိုအသုံးပြုပေးထားပြီးတော့ Screen Refresh Rate ကိုလဲ 120Hz အထိ Support ပေးထားပါတယ်။ Camera အနေနဲ့လဲ Main Camera 8 MP နဲ့ Selfie Camera 5 MP ကို အသုံးပြုပေးထားပါတယ်။
Vivo Y21D
889,800 Ks – 1,029,800 Ksရိုးရှင်းပေါ့ပါး Classic ဆန်တဲ့Designလေးနဲ့ Vivo Y21d လေးတော့ Screen Size 6.68 inches, LCD Displayနဲ့ဆိုတော့ နဲ့ဆိုတော့ Screen ကျယ်တာကြိုက်တဲ့သူတွေအတွက် အဆင်ပြေစေမှာပါ။Chipset အနေနဲ့ Unisoc T7225 (12nm) ကိုသုံးပေးထားတာမလို့ Daily Userတွေအကြိုက်တွေ့စေမှာပါ။ Main Cameraကို 50 MP နဲ့ Sefile Camera ကို 5 MP သုံးပေးထားတာမလို့ နေ့စဉ်မှတ်တမ်းတွေကို အကောင်းဆုံးပုံဖော်နိုင်မှာပါ။Battery Capacity 6500 mAh ကို 44W Flash Charge နဲ့ဆိုတော့ အဝသုံးရင်တောင် ခနလေးနဲ့အားပြန်ပြည့်စေမှာပါ။
Vivo Y31D
1,279,800 Ks – 1,479,800 Ksအကြမ်းခံဖိုနဲ့ ကြာကြာခံတဲ့ ဖုန်းတစ်လုံးမှာ ကိုယ်နဲ့ ကိုက်မယ်လို တွေးနေတယ်ဆိုရင်တော့ Vivo Y31D လေး ရွေးချယ်စရာရှိပါတယ်။ Video ဆက်တိုက်ထိုင်ကြည့်ရင်တောင် 45 နာရီလောက် ခံမဲ့ 7200 mAh ကြီးကတော့ ခဏခဏ အားသွင်းဖို မအားတဲ့သူတွေ အကြိုက်တွေ့ကြမှာပါ။ 44W Fast Charging ကြောင့်လည်း အား မြန်မြန်ပြန်သွင်းလို ရစေမှာပါ။ IP69 rating ရထားတဲ့ အပြင် military-grade shock resistanceပါ ပါတဲ့အတွက် တော်ရုံ လွတ်ကျတာလောက်ကတော့ ဘယ်လိုမှနေမှာမဟုတ်ပါဘူး။ Display ပိုင်းမှာလဲ 6.75 inches, IPS LCD ကို အသုံးပြုပေးထားပြီးတော့ 120 Hz Screen refresh rate အထိ Support ပေးထားပါတယ်။ Main Camera ကို 50 MP + 2 MP Dual သုံးပေးထားပြီးတော့ Selfie Camera ကို 8 MP အသုံးပြုပေးထားပါတယ်။ Chipset အပိုင်းမှာလဲ Qualcomm ရဲ့ Snapdragon 6s Gen 2 4G ကို အသုံးပြုပေးထားပါတယ်။






