Nubia V70
ရိုးရိုးရှင်းရှင်း ရင်ထဲအေးစေမယ့်အရောင်လေးနဲ့ Nubia V70 ကတော့ 6.7 inches,IPS LCD, 120Hz Display ဆိုတော့သုံးရတာသွက်နေစေမှာပါ။ Chipset ပိုင်းအတွက် Unisoc T616 (12 nm)ကိုသုံးထားလို့ Daily Use အတွက် ပေါ့ပေါ့ပါးပါးအသုံးပြုနိုင်မှာပါ။ Main Camera 108 MP နဲ့ Selfie Camera 16 MP နဲ့ဆိုတော့ ကြည်လင်တဲ့ရုပ်ထွက်ပိုင်းကို ရိုက်ကူးနိုင်ဦးမှာပါနော်။5000 mAh Battery ကို 22.5W Charging နဲ့ဆိုတော့ အားကုန်ရင်တောင် စိုးရိမ်စရာမလိုတော့ပါဘူး။
Nubia V80 Design
719,900 Ks – 789,900 KsStyle ကျကျနဲ့ budget-friendly ဖြစ်တဲ့ ဖုန်းထဲကရှာနေတယ်ဆိုရင်တော့ Nubia V80 Design လေး ရှိပါတယ်။ Display ပိုင်းကို 6.75 inches IPS LCD ကို အသုံးပြုပေးထားပြီးတော့ Screen refresh rate ကိုလဲ 120 Hz အထိ Support ပေးထားပါတယ်။ ChipSet ပိုင်း မှာတော့ Unisoc T7280 (12 nm) ကိုသုံးပေးထားတာတွေ့ရပြီးတော့ AI Space တို့ Real-time translation တို့ကို ချက်ချင်း အသုံးပြုလို့ရစေမယ့် Physical AI Button လေးပါတာကတော့ Nubia V80 Design ရဲ့ ထင်ရှားနေတဲ့ အချက်ပါပဲ။ Camera ပိုင်းမှာလဲ Main Camera ကို 50MP အသုံးပြုပေးထားပြီး Resolution အပြင်ပုံတွေရိုက်နိုင်ဦးမယ့် 16MP Selfie Camera လဲပါဝင်တာကြောင့် ပုံလှလှလေးတွေကို ဖမ်းယူနိုင်စေမှာပါ။ 5000 mAh ပါဝင်တဲ့ Battery ဖြစ်ပြီးတော့ Charging ကိုလဲ 22.5W အထိ Support ပေးထားပါတယ်။
Nubia ZTE Blade A36
Classic ဆန်ဆန် Design နဲ့ Nubia ရဲ့ ZTE Blade A36 ကတော့ 6.75 inches,IPS LCD, 90Hz Display ဖြစ်လို့ ပေါ့ပေါ့ပါးပါး Daily Use အတွက်သုံးမယ်ဆို အဆင်ပြေစေမှာပါ။Chipset ကိုတော့ Unisoc T7200 (12 nm) ကို သုံးပေးထားပါတယ်။ 13 MP Main Camera ကြောင့် ပုံရိပ်တွေကို ကြည်ကြည်လင်လင်ရိုက်ကူးနိုင်မှာပါ။ Battery ကလည်း 5000 mAh ဖြစ်တာကြောင့် တစ်နေ့တာကို အေးဆေးဖြတ်သန်းနိုင်ဦးမှာပါနော်။
Nubia ZTE Blade A56
အသွင်မတူတဲ့ Design လေးနဲ့ Nubia ရဲ့ ZTE Blade A56 ကတော့ 6.75 inches,IPS LCD, 90Hz Display နဲ့မို့လို့ Social Media သုံးမယ်ဆိုရင်လည်း ပေါ့ပေါ့ပါးပါးလေးနဲ့အဆင်ပြေမှာပါ။ Chipset ပိုင်းမှာလည်း Unisoc T7200 (12 nm) ဖြစ်လို့ Daily Use အတွက် အေးအေးဆေးဆေးအသုံးပြုနိုင်မှာပါနော်။ 13 MP Main Camera နဲ့ 8 MP Selfie ကြောင့် ပုံရိပ်တွေကို ကြည်ကြည်လင်လင်ရိုက်ကူးနိုင်မှာပါ။ Battery ကလည်း 5000 mAh ဖြစ်တာကြောင့် အသုံးခံနေမှာပါ။



