Samsung Galaxy Watch 9
1,381,800 Ks – 1,487,700 Ksသင့်ရဲ့ Health and fitness ကို အချိန်နဲ့ အမျှတိုင်းတာပေးမယ့် Ultimate AI-powered companion လေးလိုအပ်နေရင်တော့ Samsung Galaxy Watch 9 လေးရှိပါတယ်။ လျင်မြန်ပြီး စွမ်းဆောင်ရည်မြင့်တဲ့ 3nm Snapdragon Wear Elite processor နဲ့အားဖြည့်ပေးထားပြီး 3,000-nit sapphire crystal Glass Super AMOLED display ကိုအသုံးပြုပေးထားလို့ ရုပ်ထွက်ရော performance ရော ပြောစရာမလိုအောင်မိုက်ပါတယ်။ Advanced BioActive health sensors တွေကြောင့်လဲ သင့်ရဲ့ ကျန်းမာရေးနဲ့ fitness ပိုင်းမှာ အထောက်အကူပြုပေးမယ့် အဖော်ကောင်း ဖြစ်မှာ အသေအချာပါဘဲ။
Samsung Galaxy Watch Ultra2 (LTE)
အကြမ်းခံတဲ့ တိုက်တေနီယမ်ကိုယ်ထည်နဲ့ Galaxy Watch Ultra2 လေးမှာတော့ Super AMOLED 1.52 inches Display နဲ့ဆိုတော့ အားကစားသမားတွေနဲ့ ရေရှည်အသုံးပြုမဲ့သူတွေအတွက် အသင့်တော်ဆုံး Smart Watch တစ်လုံးဖြစ်ပါတယ်။ Function တွေ အနေနဲ့လည်း Accelerometer, gyro, heart rate, barometer, altimeter, compass, SpO2, temperature (body), temperature (water), BioActive တွေပါတာဆိုတော့ ကျန်းမာရေးအရပဲသုံးသုံး Fashion အရပဲသုံးသုံး အဆင်ပြေနေမယ့်အပြင် IP69K Water Resistance လဲပါသေးတာမလို့ နေပူပူမိုးရွာရွာ အကြမ်းခံပြီးအထာကျနေမဲ့ အဖော်မွန်ကောင်းလေးဖြစ်ပါတယ်။

