Filter by Brands
- Aukey 1
- Gadget Max 14
- Remax 44
Filter by Categories
- Power Banks 59
Filter by Color
Filter by mAh
Filter by price
Aukey PB-N73 10000mAh Power Bank
ပါးပါးလျလျ စိတ်တိုင်းကျစေမယ့် Power Bankလေးကတော့ PB-N73 Power Bankလေးပဲဖြစ်ပါတယ်။Power Bankတစ်လုံးကို စျေးအများကြီးမသုံးဘဲ Qualityစိတ်ချရတဲ့ Power Bankတစ်လုံးလိုချင်သူများနဲ့ကျစ်ကျစ်လျစ်လျစ် ပါးပါးလျလျ Power Bankတစ်လုံးလိုချင်သူများ ရွေးချယ်သင့်တဲ့ Power Bankလေးပဲဖြစ်ပါတယ်။USB-A 12Wနဲ့ USB-C 15Wတို့ပါဝင်ပါတယ်။
Gadget Max 10000mAh New Ray Power Bank
တစ်ကိုယ်စာသုံးဖို့လုံလောက်တဲ့ သေးသေးပါးပါး Powerbank မျိုးလေးရှာနေရင်တော့ Gadget Max 10000mAh New Ray Powerbank လေးကိုရွေးချယ်နိုင်ပါတယ်နော်။အားလက်ကျန်ကိုပြပေးမယ့် LED Indicator လည်းပါသေးတယ်နော်။
2.1A အားအထွက်နဲ့ USB (2) ပေါက်ပါတာကြောင့် ဖုန်းနှစ်လုံးကိုတစ်ပြိုင်တည်း အားသွင်းနိုင်သလို Powerbank ကိုလည်း Micro နဲ့ Type-C နှစ်ပေါက်ကနေ အလွယ်တကူအားပြန်သွင်းလို့ရတော့ အဆင်ပြေတာပေါ့။
Gadget Max GB-11Pro (My Container 60000mAh Power Bank)
176,600 Ks – 176,700 KsGadget Max ရဲ့ GB-11လေးကတော့ battery capacityက 60000mAh မလို့ ရှယ်အားသွင်းနိုင်ပါပြီ။ သူ့မှာ 20W fast charging ရတဲ့ Type-C output 1 port ရယ် USB port 4 port ရယ်ဆိုတော့ device 5 ခုလောက် တစ်ပြိုင်တည်းသွင်းလို့ရနိုင်မှာပါ။ Battery လက်ကျန်ကိုပြပေးမယ့် LED digital display လေးလည်းပါတဲ့အပြင် built-in overcharge, overcurrent protection လေးပါပါတော့ အားသွင်းတာကြာလို့ ပူလာမှာစိုးရိမ်စရာမလိုပါဘူး။ အလွယ်တကူသယ်သွားနိုင်မယ့် လက်ကိုင်ကိုင်းပါဝင်တဲ့အပြင် LED Flash Light လည်းနှစ်လုံးအထိ ပါဝင်တာမို့ ညဘက်တွေအတွက် အေးဆေးပါပဲ။
Gadget Max GB-50 Pro 50000mAh Power Bank
တစ်ခါအားသွင်းထားပြီး အမုန်းသုံးနိုင်ဖို့ Powerbank အကြီးကြီးတွေရှာနေတယ်ဆိုရင်တော့ GB-50 Pro 50000mAh Power Bank လေးကိုသတိရလိုက်နော်။
Lightning Cable တစ်ချောင်းနဲ့ 22.5W ထွက်တဲ့ Type-C Cable တစ်ချောင်း Built-in ပါပြီးသားဆိုတော့ အပြင်သွားရင်အားသွင်းကြိုးယူသွားစရာတောင်မလိုဘူးပေါ့။
အားလက်ကျန်ကိုအတိအကျသိနိုင်ဖို့ LED Display လေး ထည့်ပေးထားတဲ့အပြင် Emergency Light လေးပါလို့ ညရေးညတာအရေးပေါ်သုံးနိုင်တယ်။
22.5W Output ရတဲ့ USB (1) ပေါက် ၊ 20W Output ရတဲ့ USB (3) ပေါက်နဲ့ Input/Output ရတဲ့ Type-C (1) ပေါက်ပါလို့ ရှိသမျှ Device တွေအကုန်တစ်ပြိုင်တည်းအားသွင်းနိုင်တဲ့အပြင် iOS User တွေအတွက်လည်း Lightning Input ကနေ ပါဝါဘဏ်ကိုအားပြန်သွင်းလို့ရတယ်။
Gadget Max GB101 (Alpha Series) 10000mAh Power Bank
တစ်ယောက်စာ Daily Use အတွက် ပေါ့ပေါ့ပါးပါး Power Bank လေး ရှာနေတယ်ဆိုရင်တော့ Gadget Max ရဲ့ GB 101 (Alpha Series) 10000mAh Power Bank လေးရှိပါတယ်။Output အနေနဲ့ USB 10W Port နှစ်ခုပါတဲ့အပြင် Power Bank ကို အားပြန်သွင်းဖို့ဆိုရင်လည်း Type-C Port လေးနဲ့ အားပြန်သွင်းနိုင်ဦးမှာပါ။
Gadget Max GB102 (Alpha Series) 20000mAh Power Bank
20000mAh လေးထဲကမှ ကျစ်ကျစ်လစ်လစ် ပေါ့ပေါ့ပါးပါးလေးရှိမယ့် Power Bank လေးရှာနေတယ်ဆိုရင်တော့ Gadget Max GB102 (Alpha Series) 20000mAh Power Bank လေးရှိပါတယ်။ Output အနေနဲ့ USB Port 2 ခုပါတာကြောင့် ဖုန်းနှစ်လုံးကိုတစ်ပြိုင်တည်း အားသွင်းနိုင်သလို Power Bank ကိုလည်း Type-C Port ကနေ အလွယ်တကူအားပြန်သွင်းလို့ရတော့ အဆင်ပြေတာပေါ့။
Gadget Max GB103 (Alpha Series) 30000mAh Power Bank
တစ်နေ့တာအတွက် ပူစရာမလိုပဲ လုံလုံလောက်လောက်ပမာဏနဲ့ Power Bank လေး ရှာနေတယ်ဆိုရင်တော့ Gadget Max ရဲ့ GB 103 (Alpha Series) 30000mAh Power Bank လေးရှိပါတယ်။Output အနေနဲ့ USB 10W Port နှစ်ခုပါတဲ့အပြင် Power Bank ကို အားပြန်သွင်းဖို့ဆိုရင်လည်း Type-C Port လေးနဲ့ အားပြန်သွင်းနိုင်ဦးမှာပါ။
Gadget Max GB23 15000mAh All In One Power Bank
အားသွင်းဖို့ အားသွင်းကြိုး၊ (2) Pin ပလပ်ခေါင်း၊ အားလက်ကျန်ကြည့်ဖို့ Digital Display၊ Phone Holder စတဲ့ functions တွေပါတဲ့ All in one powerbank လေးရှာနေရင်တော့ Gadget Max GB23 15000mah Power Bank လေးကအသင့်တော်ဆုံးပါပဲ။
PD+QC ရတဲ့ USB-A နဲ့ Type-C ပေါက် (၂) ခုအပြင် Type-C ကြိုးနဲ့ Lightning ကြိုးတွေက Built in ပါမှာပါ။အားပြန်သွင်းဖို့လည်း (2) Pin ပလပ်ခေါင်းလေး ပါပြီးသားဆိုတော့ အားပြန်သွင်းဖို့ ကြိုးရှာရတဲ့ ဒုက္ခတွေထပ်ရှိတော့မှာမဟုတ်ပါဘူး။နောက်ပြီး အဲ့ဒီ ပလပ်ခေါင်းလေးကလည်း ခေါက်ထားလို့ရသေးတယ်။
အားသွင်းရင်း ရုပ်ရှင်ကြည့်၊ ဖုန်းသုံးဖို့ လက်ကကိုင်ထားစရာမလိုအောင် Phone Holder လေးကိုလည်း ထည့်ပေးထားသေးတယ်။ဘက်ထရီလက်ကျန်ကို ကြည့်မယ်ဆိုရင်တော့ 0% to 100% ကို LED Display နဲ့ ပြပေးမှာပါ။
Gadget Max GB80 (iMex Series) 80000mAh Power Bank
Gadget Max New Ray 20000mAh Power Bank
တစ်ယောက်ထဲ တစ်ဝကြီးသုံးဖို့ Powerbank မျိုးလေးရှာနေရင်တော့ Gadget Max 20000mAh New Ray Powerbank လေးကိုရွေးချယ်နိုင်ပါတယ်နော်။အားလက်ကျန်ကိုပြပေးမယ့် LED Indicator လည်းပါသေးတယ်နော်။
2.4A အားအထွက်နဲ့ USB (2) ပေါက်ပါတာကြောင့် ဖုန်းနှစ်လုံးကိုတစ်ပြိုင်တည်း အားသွင်းနိုင်သလို Powerbank ကိုလည်း Micro နဲ့ Type-C နှစ်ပေါက်ကနေ အလွယ်တကူအားပြန်သွင်းလို့ရတော့ အဆင်ပြေတာပေါ့။
Gadget Max Ray 22.5W PD 20000mAh Power Bank
ဘေးနားကနေ အမြဲအားဖြည့်ပေးမယ့် ပေါ့ပေါ့ပါးပါး Power bank မျိုးရှာနေတယ်ဆိုရင်တော့ Gadget Max Ray 22.5W PD 20000mAh Power Bank လေးကိုသတိရလိုက်နော်။USB 22.5W (2) ပေါက် 18W Micro (၁) ပေါက် အပြင်ကိုမှ Input 18W နဲ့ Output 22.5W အထိရတဲ့ Type C (1) ပေါက်နဲ့ဆိုတော့ အားဝင်နှုန်းကလည်း ရှယ်မြန်နေမှာပါ။အားလက်ကျန်ကို ပြပေးမယ့် Digital Indicator လေးပါတော့ သိပ်အဆင်ပြေတာပေါ့။Built in Temperature Sensor နဲ့ Smart Protection လို Feature မျိုးတွေကြောင့် Overheat ဖြစ်မှာကိုလည်း စိတ်မပူရတော့ပါဘူး။
Gadget Max Ray 30000mAh 22.5W Power Bank
Gadget Max Ray 30000mAh လေးကတော့ built-in temperature sensorပါတာမလို့ အားသွင်းနေရင်း အပူလွန်တာကို ကာကွယ်ပေးနိုင်ပါတယ်။ သူ့မှာ USB Cable တစ်ကြိုးပါတဲ့အပြင် LED display လည်းပါတော့ အားလက်ကျန်ကိုသိရတော့ အဆင်ပြေစေမှာပါ။ Micro input 1 port ရယ် dual USB Output နဲ့ Type-C in/out port 1 port လည်းပါတော့ device 2ခု 3ခု တစ်ခါတည်း အားပြိုင်သွင်းလို့ရပါတယ်။ 22.5W outputဆိုတော့ အားအမြန်ပြန်မပြည့်မှာလည်း စိတ်ပူစရာမလိုပဲ အေးဆေးသုံးလို့ရနိုင်မှာပါ။
Gadget Max Ray Hanger 2.4A 30000mAh Power Bank
လူနှစ်ယောက်အေးအေးဆေးဆေးသုံးလို့ရနိုင်တဲ့ Powerbank မျိုးလေးရှာနေရင်တော့ Gadget Max 30000mAh Ray Hanger 2.4A Powerbank လေးကိုရွေးချယ်နိုင်ပါတယ်နော်။
သိပ်မကြီးတဲ့အရွယ်အစားနဲ့ လက်ကနေအလွယ်တကူ ဆွဲသွားလို့ရတဲ့ကြိုးလေးပါတာကြောင့် Portable ဖြစ်တဲ့အပြင် ပရီမီယမ်ဆန်တဲ့ဒီဇိုင်းနဲ့ အားလက်ကျန်ကိုပြပေးမယ့် LED Indicator လည်းပါသေးတယ်နော်။
2.4A အားအထွက်နဲ့ USB (2) ပေါက်ပါတာကြောင့် ဖုန်းနှစ်လုံးကိုတစ်ပြိုင်တည်း အားသွင်းနိုင်သလို Powerbank ကိုလည်း Micro နဲ့ Type-C နှစ်ပေါက်ကနေ အလွယ်တကူအားပြန်သွင်းလို့ရတော့ အဆင်ပြေတာပေါ့။
Gadget Max Ray PD 22.5W 10000mAh Power Bank
ဘေးနားကနေ အမြဲအားဖြည့်ပေးမယ့် ပေါ့ပေါ့ပါးပါး Power bank မျိုးရှာနေတယ်ဆိုရင်တော့ Gadget Max Ray 22.5W PD 10000mAh Power Bank လေးကိုသတိရလိုက်နော်။USB 22.5W (2) ပေါက် 18W Micro (၁) ပေါက် အပြင်ကိုမှ Input 18W နဲ့ Output 22.5W အထိရတဲ့ Type C (1) ပေါက်နဲ့ဆိုတော့ အားဝင်နှုန်းကလည်း ရှယ်မြန်နေမှာပါ။အားလက်ကျန်ကို ပြပေးမယ့် Digital Indicator လေးပါတော့ သိပ်အဆင်ပြေတာပေါ့။Built in Temperature Sensor နဲ့ Smart Protection လို Feature မျိုးတွေကြောင့် Overheat ဖြစ်မှာကိုလည်း စိတ်မပူရတော့ပါဘူး။
Gadget Max Ray PD 60000mAh Power Bank
Fast Charging လည်းရရမယ် အားသွင်းဖို့ ကြိုးတွေလည်း သပ်သပ်မဆောင်ချင်ဘူးဆိုတဲ့ သူတွေအတွက် Gadget Max ရဲ့ Ray PD 60000 mAh Power Bank လေးရှိပါတယ်။သူ့မှာက Input အနေနဲ့ 18WFast Charging Type-C Input ရော Lightning Input လေးရော ပါတာမလို့ အားသွင်းရာမှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာပါ။USB Output Port နှစ်ခုအပြင် Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်ထားဖို့မလိုတော့ပါဘူး။အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးမှာမလို့ အသုံးဝင်မယ့် Power Bank လေးဖြစ်နေမှာပါ။
Gadget Max Ray PD 80000mAh Power Bank
Fast Charging လည်းရရမယ် အားသွင်းဖို့ ကြိုးတွေလည်း သပ်သပ်မဆောင်ချင်ဘူးဆိုတဲ့ သူတွေအတွက် လက်ကိုင်ကြိုးလေးရော တခါတည်းပါတာမလို့ သွားလေးရာ အလွယ်တကူသယ်သွားလို့ရမယ့် Gadget Max ရဲ့ Ray PD 80000 mAh Power Bank လေးရှိပါတယ်။သူ့မှာက Input အနေနဲ့ 18WFast Charging Type-C Input ရော Lightning Input လေးရော ပါတာမလို့ အားသွင်းရာမှာလည်း ပုံမှန်ထက်ပိုမြန်ဆန်နေမှာပါ။USB Output Port နှစ်ခုအပြင် Built in cable အနေနဲ့လည်း 22.5W Type C Cable နဲ့ 20W Lightning Cable ရော တခါတည်းပါတာမလို့ အားသွင်းကြိုးလည်း သပ်သပ်ဆောင်ထားဖို့မလိုတော့ပါဘူး။အားလက်ကျန်လေးကိုလည်း Digital Display လေးနဲ့ပြပေးမှာမလို့ အသုံးဝင်မယ့် Power Bank လေးဖြစ်နေမှာပါ။
Remax RPP-10 (Hintom Series)10000mAh Powerbank
ဒီဇိုင်းဆန်းဆန်း ပါးပါးလေးနဲ့ RPP-10 လေးတော့ Type-C Output 1 Port နဲ့ USB Output 2 Port ပါတာမလို့ Device 3 ခုပြိုင်သွင်းလို့ရစေမှာပါ။ Input အနေနဲ့ Type-C တစ်ပေါက် Micro တစ်ပေါက်လည်းပါပါသေးတယ်။ Battery လက်ကျန်ကိုလည်း LED Digital Display လေးနဲ့ပြပေးပြီး ပေါ့ပေါ့ပါးပါးလေးနဲ့မလို့ သွားလေရာသယ်သွားလို့ရစေမှာပါ။ အရွယ်စားကလည်း လက်တစ်ကိုင်စာလေးမလို့ Hangout ထွက်လို့ယူသွားမယ်ဆိုလည်း အဆင်ပြေစေမှာပါ။
Remax RPP-100 (Gutitan Series 60000mAh Power Bank)
Powerbank တစ်လုံးတည်းနဲ့ ဖုန်းရော laptop တွေရောအားသွင်းချင်တဲ့သူတွေအတွက် 100W Maximum Output နဲ့ Battery Capacity 60000mAh ရှိတဲ့ Remax RPP-100 လေးရှိပါတယ်။ 100W in-out support ပေးထားတဲ့ Type-C Port နှစ်ခုကြောင့် အားပြည့်မြန်ရုံတင်မကပဲ Power Bank အားပြည့်ဖြည့်ဖို့ပါ မြန်ဆန်နေမှာပါ။ 22.5W USB Port နှစ်ခုအပြင် 10W USB Port နောက်တခုလည်းပါဝင်သေးတာမို့ ဖုန်းနဲ့ Laptop တွေသာမကပဲ Gadget တွေကိုပါ အဆင်ပြေပြေအားသွင်းနိုင်မှာပါ။ Dual Mode ရတဲ့ LED Light နှစ်ခုပါလို့ လိုအပ်ရင် နှစ်ခုလုံးတပြိုင်တည်းအသုံးပြုနိုင်မှာပါ။ အားလက်ကျန်ကိုစစ်နိုင်ဖို့ Smart Digital Display ပါဝင်ပြီး ABS + PC Fire proof Body နဲ့ Smart Chip Protection ကြောင့်အပူဒဏ်ကိုလည်းစိတ်ချရမယ့်အပြင် လက်ကိုင် Leather ကြိုးလေးလည်းပါလို့သွားလေရာ အလွယ်တကူသယ်သွားနိုင်မှာပါ။
Remax RPP-11 (Hintom Series)20000mAh Powerbank
ပေါ့ပေါ့ပါးပါးလေးနဲ့ RPP-11 လေးကတော့ Type-C Input /Output 1 Port နဲ့ USB Output 2 Port ပါတာမလို့ Device 3 ခုပြိုင်သွင်းလို့ရစေမှာပါ။ Input အနေနဲ့ Micro တစ်ပေါက်လည်းပါပါသေးတယ်။အားလက်ကျန်ကိုလည်း LED Digital Display လေးနဲ့ပြပေးဦးမှာပါ။20000mAh battery capacity ဖြစ်တာကြောင့် တစ်ကိုယ်စာနေ့စဉ်သုံးမယ်ဆိုရင်လည်းအဆင်ပြေစေမှာပါ။
Remax RPP-117 (Piloteer Series 50000mAh Power Bank)
160,400 Ks – 160,500 KsBattery Capacity များများနဲ့ Portable လည်းဖြစ်တဲ့ Power Bank ဆိုရင်တော့ Remax ရဲ့ RPP-117 Piloteer Series 50000mAh Power Bank လေးရှိပါတယ်။ သူ့မှာက 27W Maximum Output အထိ Support ထားပြီး USB Output 2 Ports အပြင် အားပြန်ဖြည့်ဖို့ Micro input 1 Port နဲ့ Input ရော Output ပါရတဲ့ Type-C Port နောက်တခုလည်းပါဝင်ပါတယ်။ အားလက်ကျန်ကို အလွယ်တကူစစ်ကြည့်နိုင်တဲ့ LED Display ပါလာပြီး လက်ကိုင်ကိုင်းလည်းပါတာမို့ သွားလေရာ သယ်သွားဖို့လည်း အေးဆေးပါပဲ။
Remax RPP-118 (Piloteer Series) 80000 mAh Power Bank
230,700 Ks – 231,100 Ksခရီးတွေပဲသွားသွား အိမ်မှာပဲထားထား PowerBank တွေအများကြီးဆောင်မထားချင်ဘူးဆိုတဲ့ သူတွေအတွက် Remax ရဲ့ RPP-118 80000mAh လေးရှိပါတယ်။ Input အနေနဲ့ 18W Fast Charging Support ပေးထားတဲ့ Type-C 2 Port ပါပြီး PowerBank ကို သယ်သွားဖို့ ကြိုးလေးရောတခါတည်းပါတာမလို့ သွားလေရာအလွယ်တကူသယ်သွားလို့ရစေမှာပါ။Output အနေနဲ့ 22.5W USB 1 Port , 10W USB 2 Port အပြင် 27W Type-C 1Port လည်းပါတာမလို့ Device 4ခုလောက်ကို တပြိုင်နက်တည်း အားသွင်းလို့ရမှာပဲဖြစ်ပါတယ်။