Filter by Categories
- Smartphones 10
- Tablets 4
Filter by Color
- Aurora BlueAurora Blue 1
- Aurora GoldAurora Gold 1
- Aurora PurpleAurora Purple 2
- Aurora WhiteAurora White 1
- BlackBlack 1
- Cool BlackCool Black 1
- Dark GrayDark Gray 1
Galaxy BlackGalaxy Black 1- Galaxy BlueGalaxy Blue 1
- Geek BlackGeek Black 1
- Geek WhiteGeek White 1
- Glacier WhiteGlacier White 1
- Ice BlueIce Blue 2
- Ink BlackInk Black 1
- Moon TitaniumMoon Titanium 1
Moondust GreyMoondust Grey 2- Nebula BlackNebula Black 1
- Plum PurplePlum Purple 1
- Sapphire BlueSapphire Blue 1
- Sky GreySky Grey 1
- Slim WhiteSlim White 1
- Starlight SilverStarlight Silver 1
- Titanium GreyTitanium Grey 2
Travertine GreenTravertine Green 1- Tundra GreenTundra Green 1
Twilight BlueTwilight Blue 1
Filter by price
Oppo A6 (4G)
1,344,000 Ks – 1,440,000 KsDurability နဲ့ Endurance အတွက် ခေါင်းစဥ် နဲ့ ထွက်လာခဲ့တဲ့ Oppo A6 (4G) မှာတော့ IP69 water and dust resistance rating ပါတာမလို့ တော်ရုံ ရေစို၊ ဖုန်ပေတာလောက်ကတော့ အေးဆေးဖြစ်မှာပါ။ Battery အနေနဲ့ကလဲ Si/C Li-Ion 7000 mAh Battery ကြီးကိုသုံးပေးထားတာမလို့ တစ်ခါအားသွင်းထားရုံနဲ့ Daily use 2ရက် လောက်ထိကို အားပြန်သွင်းစရာမလိုဘဲ သုံးနိုင်မှာပါ။ Screen ပိုင်းမှာလဲ 6.75 inches PS LCD ကိုအသုံးပြုပေးထားပြီးတော့ Screen Refresh Rate မှာလဲ 120 Hz အထိ Supportပေးထားပါတယ်။ Chipset ကိုလဲ Qualcomm ရဲ့ Snapdragon 685 (6 nm) ကိုသုံးပေးထားတဲ့ အတွက် Normal Daily Use ကတော့ ပေါ့ပေါ့ပါးပါးနဲ့ အဆင်ပြေပြေသုံးလို့ရစေမှာပါ။ Main Camera အနေနဲ့ 50 Mp AI Ultra-Clear camera သုံးပေးထားလို့ Professional ဆန်တဲ့ ပုံတွေကို ရိုက်နိုင်မှာဖြစ်ပါတယ်။ Selfie Camera အတွက်လဲ 8 Mp သုံးပေးထားပါတယ်။
Oppo A6C
Premium ဆန်တဲ့ Design နဲ့ ပေါ့ပါးပြီး ခေတ်မှီတဲ့ Phone လေးဆိုရင် Oppo A6C လေး ရှိပါတယ်။ 7000mAh Battery အကြီးစားကို ထည့်သွင်းပေးထားပြီး နေ့စဉ်အသုံးပြုမှုအတွက် စိတ်ချရတဲ့ Battery Life ကို ပေးစွမ်းနိုင်ပါတယ်။ 6.75 inches, LCD Display နဲ့ 120Hz Refresh Rate ကြောင့် Scroll လုပ်ရာမှာ ပိုမိုချောမွေ့တဲ့ Experience ကို ရရှိစေမှာဖြစ်ပြီး Mediatek Helio G100 Max (6 nm) chipset ကိုလဲ အသုံးပြုပေးထားပါတယ်။ Carema ပိုင်းတွေကတော့ Main Camera 13 MP နဲ့ Selfie Camera 5 MP တို့ကို အသုံးပြုပေးထားပါတယ်။
Oppo A6s Pro
အားတစ်ခါသွင်းရုံနဲ့ အချိန်ကြာကြာအသုံးပြုနိုင်မယ့် OPPO A6s Pro မှာ 7000mAh Battery အကြီးစားကို ထည့်သွင်းပေးထားပြီး နေ့စဉ်အသုံးပြုမှုအတွက် စိတ်ချရတဲ့ Battery Life ကို ပေးစွမ်းနိုင်ပါတယ်။ 6.57-inch FHD+ Display နဲ့ 120Hz Refresh Rate ကြောင့် Scroll လုပ်ရာမှာ ပိုမိုချောမွေ့တဲ့ Experience ကို ရရှိစေမှာဖြစ်ပြီး MediaTek Helio G100 Max Processor ကလည်း App မျိုးစုံကို Smooth ဖြစ်စွာ အသုံးပြုနိုင်စေပါတယ်။ ဒါ့အပြင် 50MP Main Camera နဲ့ 50MP Selfie Camera တို့က နေ့စဉ်အမှတ်တရများနဲ့ အလှပဆုံး Portrait ပုံရိပ်များကို အရည်အသွေးမြင့်စွာ မှတ်တမ်းတင်နိုင်စေမှာ ဖြစ်ပါတယ်။
Oppo A6X (4G)
739,200 Ks – 1,056,000 KsReliability နဲ့ Marathon endurance အတွက် ထုတ်ထားတဲ့ Oppo ရဲ့ powerhouse budget smartphone Oppo A6X (4G) မှာတော့Battery အနေနဲ့ 6500mAh ကိုသုံးပေးထားပါတယ်။ တစ်ခါအားသွင်းထားရုံနဲ့ Online video တွေဆက်တိုက်ကြည့်ရင်တောင် 13 နာရီ ဝန်းကျင်လောက်ကို ကြည့်နိုင်မဲ့Battery ကြီးဖြစ်ပါတယ်။ Screen ကိုလဲ 6.75 inches , IPS LCD ကိုမှ Screen Refresh Rate ကိုလဲ 120Hz အထိ Support ပေးထားပါတယ်။ Chipset ကိုတော့ Qualcomm SM6225 Snapdragon 685 (6 nm) သုံးထားပါတယ်။ Main Camera 13 MP နဲ့ Selfie Camera 5 MP တို့ကို ထည့်သွင်းပေးထားပါတယ်။
Oppo Find X9 (5G)
Performance Seeker တွေနဲ့ Creator တွေကို ထပ်တူထပ်မျှ စိတ်ကျေနပ်မှူပေးနိုင်မဲ့ compact flagship ဖုန်းတလုံး ပြပါဆိုရင်တော့ Oppo Find X9 ရှိပါတယ်။ Pro Level Triple 50 MP Camera System ကိုမှ 120x အထိ Zoom စွဲလို့ရမဲ့အပြင် Cinematic 4K 120fps Video တွေကို ပါရိုက်ကူးလို့ ရမဲ့အချက်ပါဘဲ။ Main Camera ကြမ်းရုံသာမက Selfie Camera ကိုလဲ 32 MP ထည့်သုံးပေးထားလို့ Selfie လှလှလေးတွေလဲ ရိုက်လို့ရမှာပါ။ Screen ပိုင်းမှာလဲ 6.59 inches အကျယ်ရှိတဲ့ AMOLED Display ကိုမှ 120Hz Refresh Rate အထိ Support ပေးထားပါတယ်။ ဒီလို ရုပ်ထွက်ကောင်းကောင်းနဲ့ ကိုမှ Chipset အနေနဲ့ Mediatek Dimensity 9500 (3 nm) က အားဖြည့်ထားတာကြောင့် Gaming ပိုင်းနဲ့ Multitasking ပိုင်းကိုလဲ ချောချောမွေ့မွေ့နဲ့ စွမ်းဆောင်နိုင်မှာပါ။ ဒီလို Performance တွေကြောင့် အားကုန်မြန်မှာ စိုးရိမ်စရာလဲ မလိုအောင် 7025 mAh ကြီးကို သုံးပေးထားပြီး Charging ကိုလဲ 80W Fast charging အထိ Support ပေးထားပါတယ်။
Oppo Pad SE (LTE)
ရိုးရိုးရှင်းရှင်းဒီဇိုင်းလေးနဲ့ Battery Capacity များတဲ့ Tablet လေးရှာနေရင် Battery Capacity 9340mAh ပါတဲ့ Oppo Pad SE လေးရှိပါတယ်။ Screen Size 11″ ကိုမှ 90Hz Refresh Rate လေးရယ် 1920 x 1200 Resolution ရယ်အပြင် Speaker လည်း 4 လုံးတောင်ပါတော့ ဇာတ်ကားကြည့်မလား စာသင်မလား Meetingပဲ လုပ်မလား စိတ်ကြိုက်သုံးရုံပါပဲ။ Chipset အနေနဲ့တော့ Mediatek Helio G100 (6 nm)ဖြစ်လို့ Performance ပိုင်းမှာ သွက်လက်နေမှာပါ။။ ကင်မရာတွေကိုတော့ Main Camera 5 MP နဲ့ Front Camera 5 MP စီသုံးပေးထားပါတယ်။
Oppo Reno 15 F (5G)
Twilight Blue
7000 mAh Battery သုံးပေးထားလို့ အားမြန်မြန်ကုန်မှာကို စိတ်ပူစရာလိုမှာ မဟုတ်တဲ့ Oppo Reno 15 F။ ဒီလိုကြီးမားတဲ့ Battery ကိုအားပြန်သွင်းဖို့ကိုလဲ 80W SUPERVOOC fast charging Support ပေးထားပါတယ်။ Display အပိုင်းမှာလဲ 6.57 inches Screen ကို 120 Hz refresh rate နဲ့ AMOLED Display ကိုသုံးပေးထားပါတယ်။ Qualcomm ရဲ့ SM6450 Snapdragon 6 Gen 1 Chipset ကြောင့် Daily Use နဲ့ Game ပေါ့ပေါ့ပါးပါး လဲ အဆင်ပြေပြေဆော့ နိုင်မှာပါ။ Main Camera ကိုတော့ 50 MP, 8 MP, 2 MP Triple Camera နဲ့ Selfie Camera ကိုလဲ 50 MP သုံးပေးထားလို့ Photo shooting ဆရာတွေအတွက်လဲ သဘောတွေ့စေမှာပါ။
Oppo Reno 16 (5G)
ရိုက်ကူးသမျှ ပုံရိပ်တိုင်းကို Studio Quality လို ထင်ရှားလှပစေမယ့် Oppo Reno 16 (5G) ဟာဆိုရင် Triple 50MP AI Camera System ပါဝင်ပြီး 3.5x Optical Zoom နည်းပညာကြောင့် ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ရတာ ကြိုက်သူတွေအတွက် အထူးသင့်တော်ပါတယ်။ 6.32 inches ကိုမှ AMOLED Display အသုံးပြုပေးထားပြီးတော့ 120Hz Screen Refresh rate အထိ Support ပေးထားတဲ့ အပြင် Snapdragon 7 Gen 4 Chipset ကြောင့် ဂိမ်းဆော့တာနဲ့ အသုံးပြုရမှုတိုင်းမှာ အထူးချောမွေ့စေမှာဖြစ်ပါတယ်။Selfie လှလှ လေးတွေရိုက်နိုင်ဖို့အတွက်Selfie Camera 50 MP ကိုသုံးပေးထားပါသေးတယ်။ ဒါ့အပြင် IP69K ရေစို၊ ဖုန်ဒဏ်ခံနိုင်ပြီး 6700mAh ဘက်ထရီကြီးနဲ့ 80W Fast Charging တို့ ပေါင်းစပ်ထားလို့ Premium ဖုန်းတစ်လုံးကိုမှ လိုချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဖုန်းကောင်း တစ်လုံးဖြစ်ပါတယ်။
Oppo Reno 16 F (5G)
ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေနဲ့ ဘက်ထရီအကုန်မြန်မှာ စိုးရိမ်သူတွေအတွက် အထူးသင့်တော်တဲ့ OPPO Reno16 F 5G ဟာ 50MP OIS Ultra-Clear ကင်မရာစနစ်နဲ့ 50MP Selfie ကင်မရာပါဝင်လို့ ဘယ်လိုအချိန်မှာပဲရိုက်ရိုက် ပုံထွက်ကြည်လင်ပြတ်သားပြီး Portrait ရုပ်ထွက်တွေကို သဘာဝအတိုင်း လှပစေမှာပါ။7000mAh Battery အပြင် 80W Fast Charging စနစ်ပါဝင်တာကြောင့် တစ်နေ့ကုန် စိတ်ကြိုက်အသုံးပြုနိုင်ပြီး အားပြန်သွင်းရတာလည်း မြန်ဆန်လွန်းပါတယ်။120Hz AMOLED Display နဲ့ Dimensity 7300-Energy Processors ကြောင့် ဂိမ်းဆော့တာပဲဖြစ်ဖြစ်၊ App အစုံသုံးတာပဲဖြစ်ဖြစ် ချောမွေ့သွက်လက်စေမှာပါ။စွမ်းဆောင်ရည် အစုံအလင်ပါတဲ့ ဖုန်းကောင်းတစ်လုံးကို ရှာနေသူတွေအတွက် လက်မလွှတ်သင့်တဲ့ ရွေးချယ်မှုပဲ ဖြစ်ပါတယ်။
Tecno Camon 40 Pro (5G)
1,104,000 Ks – 1,248,000 Ks
Galaxy Black
ပါးပါးကျစ်ကျစ် Design ကိုမှ Premium Vibe လေးနဲ့ Tecno Camon 40 Pro မှာ 6.78 inches Curved AMOLED Display ကိုသုံးထားပေးပါတယ်။အမိုက်စား AI Features တွေအပြင် Mediatek Dimensity 7300 (4 nm) 144Hz Refresh Rate နဲ့မလို့ Daily Task တွေကို အထစ်အငေါ့မရှိ လုပ်ဆောင်နိုင်ဦးမှာပါ။ Main Camera 50 MP , 8 MP နဲ့ Selfie Camera 50 MP ဖြစ်လို့ ကြည်လင်တဲ့ပုံရိပ်တွေအပြင် ညအချိန်မှာတောင် မိမိုက်တဲ့ရိုက်ချက်တွေကို ဖမ်းယူနိုင်မှာပါ။IP68/IP69 dust tight and water resistant ကိုသုံးထားတဲ့အတွက် ရေစိုနေရင်တောင်စိတ်ပူစရာမလိုတော့ပါဘူး ။5200 mAh ကိုမှ 45W Fast Charging နဲ့ဆိုတော့ စိတ်ကြိုက်သုံးရုံပါပဲ။
Tecno Megapad 10 (Wifi)
Design မိုက်မိုက်လေးနဲ့ Budget လဲတအားမများ၊ အဆင်ပြေပြေသုံးလို့ရမယ့် Tablet လေးရှာနေတယ် ဆိုရင်တော့ Tecno Megapad 10 (Wifi) လေးရှိပါတယ်။ 10.1 inches IPS LCD Display ကိုသုံးပေးထားပြီးတော့ Mediatek Helio G80 (12 nm) Chipset ကိုအသုံးပြုထားတာကြောင့် Daily Use အတွက် အဆင်ပြေပြေ သုံးနိုင်မှာဖြစ်ပါတယ်။ Main Camera 13MP နဲ့ Selfie Camera 5MP ထည့်သွင်းပေးထားပါတယ်။ 7000 mAh Battery ကြောင့်လဲ အားအကုန်မြန်မှာ မဟုတ်တဲ့အပြင် Charging ကိုလဲ 18W အထိ Support ပေးထားပါတယ်။
Tecno Megapad Pro 12″ (Wifi+4G)
1,084,800 Ks – 1,152,000 KsProductivity နဲ့ Entertainment ညီအောင်Blend လုပ်ပေးထားတဲ့ Tecno Megapad Pro 12″ မှာတော့ Screen အနေနဲ့ 12 Inches အကျယ်ရှိတဲ့ IPS LCD Display ကို အသုံးပြုပေးထားပြီးတော့ Screen Refresh Rate 90 Hz အထိ Support ပေးထားပါတယ်။ Chipset ကို Mediatek Helio G100 (6nm) အသုံးပြုပေးထားပါတယ်။ Main camera အနေနဲ့ 13 Mp ပါပြီးတော့ Selfie Camera ကို 5 Mp သုံးပေးထားပါတယ်။ Battery ပိုင်းဆိုင်ရာမှာလဲ Li-Po 10000 mAh ကိုသုံးပေးထားလို့ အား အမြန် ကုန်မှာကို စိတ်ပူစရာမလိုတဲ့အပြင် အားအမြန်ပြန်သွင်းဖို့ကိုလဲ Charging ကို 33W အထိ Support ပေးထားပါတယ်။
Tecno Megapad SE 11″ (Wifi+4G)
959,100 Ks – 1,104,000 Ks
Moondust Grey
Online Learning အတွက်ပဲဖြစ်ဖြစ် Entertainment တွေကြည့်ချင်တာပဲဖြစ်ဖြစ် အကုန်အဆင်ပြေစေမယ့် Tecno Megapad SE ကတော့ Screen Size 11 inches IPS LCD, 90Hz, 440 nits Display ကိုသုံးပေးထားပါတယ်။Qualcomm SM6225 Snapdragon 685 (6 nm) Chipset ကိုအသုံးပြုပေးထားတာကြောင့် Daily Task တွေကို အေးအေးဆေးဆေး သုံးရုံပါဘဲ။ Camera တွေကိုလည်း 8MP Main Camera ရယ် နဲ့ Selfie Camera 5MP ကိုသုံးထားပေးပါတယ်။Battery Capacity 8000 mAh ပါဝင်ပြီး 18W နဲ့အားပြန်သွင်းနိုင်မှာပါ။
Tecno Megapad SE 11″ (Wifi)
Moondust Grey
Online Learning အတွက်ပဲဖြစ်ဖြစ် Entertainment တွေကြည့်ချင်တာပဲဖြစ်ဖြစ် အကုန်အဆင်ပြေစေမယ့် Tecno Megapad SE ကတော့ Screen Size 11 inches IPS LCD, 90Hz, 440 nits Display ကိုသုံးပေးထားပါတယ်။Qualcomm SM6225 Snapdragon 685 (6 nm) Chipset ကိုအသုံးပြုပေးထားတာကြောင့် Daily Task တွေကို အေးအေးဆေးဆေး သုံးရုံပါဘဲ။ Camera တွေကိုလည်း 8MP Main Camera ရယ် နဲ့ Selfie Camera 5MP ကိုသုံးထားပေးပါတယ်။Battery Capacity 8000 mAh ပါဝင်ပြီး 18W နဲ့အားပြန်သွင်းနိုင်မှာပါ။
Tecno Phantom V Flip 2
Moondust Grey
Travertine Green
Premium feature တွေနဲ့ ခေါက်ဖုန်းလောကထဲကို ဈေးသင့်သင့်နဲ့ ဝင်လာတဲ့ Affordable Foldable လို့ခေါ်လို့ရတဲ့ Tecno Phantom V Flip 2။ 6.9 inches Screen အကျယ်ကြီးကိုမှ Foldable LTPO AMOLED Display သုံးပေးထားပြီး Screen Refresh Rate 120Hz အထိ Support ပေးထားတဲ့အပြင်ကိုမှ ဖုန်းရဲ့ကျောဘက်မှာလဲ 3.64 inches AMOLED Display တစ်ခုပါ ပါသေးတယ်။ Mediatek Dimensity 8020 (6 nm) Chipset ကိုအသုံးပြုပေးထားပါတယ်။ Build Quality ကို aluminum frame ကိုမှ eco-leather back နဲ့ Screen ကိုလဲ Corning Gorilla Glass သုံးပေးထားလို့ အကြမ်းခံမှုက သံသယဝင်စရာတစ်စက်မှမလိုပါဘူး။ Main Camera ကို 50 MP နှစ်လုံး သုံးပေးထားပြီး Selfie Camera 32 MP သုံးပေးထားလို့ ဓာတ်ပုံသေချာရိုက်ချင်သူများ အတွက်လဲ သဘောတွေ့စေမှာပါ။ Battery ကိုလဲ 4720 mAh Battery ကြီးကိုမှ Charging 70W အထိ Support ပေးထားလို့ အားခံတဲ့အပြင် အားပြန်သွင်းရတာလဲ ခဏလေးနဲ့ အပြည့်ပြန်သွင်းလို့ရစေမှာပါ။
Tecno Pova 7 Ultra (5G)
Gaming ပိုင်းကို ဦးစားပေးထုတ်ထားတဲ့ high-performance flagship ကိုမှ ကြိုက်တယ်ဆိုရင်တော့ Tecno Pova 7 Ultra (5G) လေး ရှိပါတယ်။ Screen 6.67 inches အကျယ်ကိုမှ AMOLED Display သုံးပေးထားတဲ့အပြင် 144Hz Screen Refresh Rate အထိ Support ပေးထားပါတယ်။ Gaming အတွက်ဆိုတဲ့အတိုင်းဘဲ Chipset ကို Mediatek Dimensity 8350 Ultimate (4 nm) အသုံးပြုပေးထားပါတယ်။ Camera ပိုင်းမှာလဲ Main Camera အနေနဲ့ 108 MP,8 MP Dual သုံးပေးထားပြီးတော့ Selfie Camera အနေနဲ့ 13 Mp သုံးပေးထားလို့ ပုံလှလှလေးတွေကိုလဲ ရိုက်ကူးနိုင်ဦးမှာပါ။ Battery ကတော့ 6000 mAh ပါပြီး 70 W အထိ Support ပေးထားလို့ အားသွင်းကြာမှာကိုတော့ လုံးဝစိတ်ပူနေစရာမလိုပါဘူး။
Tecno Pova 8 (5G)
1,439,100 Ks – 1,631,100 Ksတစ်ခါအားသွင်းထားရုံနဲ့ တစ်နေကုန် စိတ်ကြိုက်ဂိမ်းဆော့ ရုပ်ရှင်ကြည့်နိုင်မယ့် 8,000mAh Battery ပါဝင်တဲ့ Tecno Pova 8 (5G)လေးကတော့ Dimensity 7100 (5G) Chipset နဲ့ 144Hz Refresh Rate Displayကြောင့် ဂိမ်းတွေကို လိုင်းဆွဲအားကောင်းကောင်းနဲ့ အလွန်ငြိမ့်ညောင်းစွာ ဆော့ကစားနိုင်မှာဖြစ်သလို၊45W Fast Charging ကြောင့်လည်း အားပြန်သွင်းရတာ မြန်ဆန်စေမှာပါ။ ဒါ့အပြင် 50MP Main Camera နဲ့ Stereo Speakers တွေပါဝင်လို့ ရုပ်ရှင်ကြည့်၊ သီချင်းနားထောင်တာပဲဖြစ်ဖြစ်၊ ဓာတ်ပုံရိုက်တာပဲဖြစ်ဖြစ် အပြည့်အဝ စိတ်ကျေနပ်မှုပေးနိုင်မှာမို့လို့ ဂိမ်းမားတွေနဲ့ Performance ကြိုက်သူတွေအတွက် တကယ်ကို ဝယ်ယူသင့်တဲ့ ဖုန်းကောင်းတစ်လုံးဖြစ်ပါတယ်။
Tecno Pova 8 Pro (5G)
1,919,100 Ks – 2,111,100 Ksအလန်းစား Lamborghini Designနဲ့ ထွက်ရှိလာတဲ့ Tecno Pova 8 Pro မော်ဒယ်သစ်ဟာ MediaTek Dimensity 7400 Ultimate 5G Chipset နဲ့ P1 Graphic Chipအပြင် 144Hz 1.5K HyperLux AMOLED မျက်နှာပြင်တို့ ပေါင်းစပ်ထားတာကြောင့် ဂိမ်းတွေကို အလွန်ငြိမ့်ညောင်းစွာ ကစားနိုင်မှာဖြစ်ပါတယ်။ အနောက်ဘက် Alive Matrix Lighting ပါဝင်တဲ့ futuristic Designနဲ့ IP69K ရေစိုဖုန်ဒဏ်ခံစနစ်၊ 50MP Sony LYTIA OIS ကင်မရာနဲ့6500mAh Battery ပါဝင်လို့ တနေကုန် စိတ်ကြိုက်သုံးနိုင်ရုံတင်မက 45W အမြန်အားသွင်းစနစ်နဲ့ Bypass Charging ပါဝင်တာကြောင့် ဂိမ်းဆော့ရင်း အားသွင်းလည်း အေးမြနေမှာပါ။Gaming Phoneကောင်းကောင်း ရှာနေသူတွေအတွက် မဖြစ်မနေ ရွေးချယ်သင့်တဲ့ ဖုန်းကောင်းတစ်လုံးဖြစ်ပါတယ်။
Tecno Pova Slim
ပါးလွှာတဲ့ ဖုန်းတွေကြားထဲမှာမှ အပါးဆုံး မှန်ခုံး5G Smartphone လို့ အခေါ်ခံထားရ တဲ့ Tecno Pova Slim ကတော့ အထူ 5.95 mm သာရှိပြီး 156 g မျှသာ အလေးချိန်ရှိပါတယ်။ Screen ကိုတော့ 6.78 inches အကျယ်ရှိတဲ့ curved AMOLED display ကိုမှ Screen Refresh rate 144Hz အထိ Support ပေးထားပါတယ်။ Mediatek Dimensity 6400 (6 nm) Chipset ကို အသုံးပြုပေးထားလို့ Daily Use အပိုင်းတော့ ပေါ့ ပေါ့ ပါးပါး အဆင်ပြေစေမှာဖြစ်ပါတယ်။ Main Camera အနေနဲ့ 50 Mp သုံးပေးထားပြီး Selfie Camera 13 Mp အသုံးပြုပေးထားပါတယ်။ Battery ကိုတော့ 5160 mAh သုံးပေးထားလို့ မြန်မြန် အားကုန်မှာကို တော့ စိုးရိမ်နေစရာလိုနေမှာမဟုတ်ဘဲ အားပြန်သွင်းဖို့ Charging ကိုလဲ 45W အထိ Support ပေးထားပါတယ်။ 5.95 mm အထူလေးကိုမှ ဒီလို Curved Display, ဒီလို Battery နဲ့ Chipset ကိုသုံးထားတဲ့ Tecno Pova Slim ကတော့ တကယ့်ကိုပါးပါးလေးနဲ့ ကြမ်းတဲ့ Powerhouse တစ်လုံးပါဘဲ။
Tecno Spark 40 Pro
ဒီဇိုင်းပိုင်း ရော စွမ်းဆောင်ရည်ပိုင်းမှာပါ ဆန်းသစ်လှပပြီး အလွန်ပါးလွှာပေါ့ပါးတဲ့ Tecno Spark 40 Pro လေး ရှိတယ်နော်။ 6.78 inches, 144Hz refresh rate ဖြစ်ပြီး AMOLED Display ကြောင့် ရုပ်ထွက်ကြည်လင်ပြတ်သားပြီး Gaming ပိုင်းမှာပါ Smooth ဖြစ်နေမှာပါ။ Mediatek Helio G100 Ultimate (6 nm) သုံးထားတဲ့ အတွက် performance ပိုင်းအတွက်သိပ်စိတ်ပူစရာမလိုပါဘူး။ Main Camera 50MP,Selfi Carema 13MP ကြောင့် နေ့ရောညပါ အမှတ်တရပုံရိပ်တွေကို ကြည်ကြည်လင်လင် ရိုက်ကူးပေးနိုင်ပါတယ်။ ဒါ့အပြင် တစ်နေကုန် အေးဆေးသုံးနိုင်တဲ့ 5000mAh ဘက်ထရီနဲ့ 45W Fast Charging စနစ်ပါဝင်လို့ အားသွင်းရတာ မြန်ဆန်ပြီး အသုံးပြုရတာ အဆင်ပြေစေမယ့် အမိုက်စား စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။
Tecno Spark 40 Pro Plus
မှန်ခုံးလေးကိုမှ Premium Look နဲ့ Tecno Spark 40 Pro Plus လေးကတော့ 6.78 inches,Amoled Display, 144Hz ဖြစ်လို့ Daily Use အပြင် Gaming ပိုင်းမှာပါ Smooth ဖြစ်နေမှာပါ။Chipset ပိုင်းမှာလည်း Mediatek Helio G200 (6 nm)နဲ့ဆိုတော့ performance ပိုင်းအတွက်သိပ်စိတ်ပူစရာမလိုပါဘူး။ Camera ပိုင်းမှာလည်း Main Camera 50MP နဲ့ Selfie Camera 13 MP ကိုသုံးထားတာမလို့ ကြည်လင်တဲ့ပုံလေးတွေကို ရိုက်လို့ရစေမှာပါ။ Battery Capacity 5200 mAh ကို45W Fast Charge လည်း Support တာမလို့ အားကုန်သွားရင်အကြာကြီးစောင့်ပြီးအားသွင်းစရာမလိုပဲ ခနလေးနဲ့အားပြည့်စေမှာပါ။IP64 dust tight and water resistant ဆိုတော့ တော်ရုံရေစင်တာလောက်ကို အေးဆေးပါပဲ။




















