Gadget Max GM-S10 Socket
ပလပ်ပေါက်လည်းများများပါရမယ် USB အပေါက်လည်း များမျးပါတဲ့ Socket ရှာနေတဲ့သူတွေအတွက် Gadget Max GM-S10 Socket လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ဒီကောင်လေးမှာဆို ပလပ်ပေါက် ၁၀ခု အပြင် USB အပေါက်ကလည်း ၆ခုပါတာမို့ Device တွေ အများကြီး တစ်ပြိုင်တည်း အားသွင်းလို့ရပါတယ်။ နောက်ပြီး သူ့မှာပါတဲ့ USB Port တွေထဲမှာ 18W QC ရတဲ့ USB တစ်ပေါက်နဲ့ iPhone တွေအတွက်ပါ အဆင်ပြေတဲ့ 18W Type-C PD တစ်ပေါက်လည်းပါပါသေးတယ်။
အပူချိန် ၈၅၀° အထိ ခံနိုင်တဲ့ Material ကိုအသုံးပြုပေးထားတော့ အိမ်သုံးပဲဖြစ်ဖြစ်၊ ရုံသုံးပဲဖြစ်ဖြစ် ဘေးကင်းကင်းနဲ့ စိတ်ချလက်ချ သုံးနိုင်တာပေါ့။
Gadget Max GMSC04 Socket
အိမ်တစ်အိမ်မှာ ပလပ်ပေါက်များများပါတဲ့ Socket တစ်ခုလောက်ကတော့ မရှိမဖြစ်ရှိသင့်ပါတယ်။
အဲ့ဒါကြောင့် PD 20W ထွက်တဲ့ Type-C (1) ပေါက်၊QC 18W Quick Charge (1) ပေါက်၊12W အများဆုံးထွက်တဲ့ USB (2) ပေါက် ပါတဲ့ Gadget Max GMSC04 Socket လေးကို မိတ်ဆက်ပေးချင်ပါတယ်။
ကြိုးအရှည်က ၆ပေခွဲတောင်မို့ ကိုယ်သုံးချင်တဲ့နေရာထိ ဆွဲသုံးယုံပါပဲ။
Child Safety Door လည်းပါတာမို့ အန္တရာယ်ကင်းကင်းနဲ့ စိတ်ချလက်ချသုံးလို့ရပါတယ်နော်။
Gadget Max SC3604 Socket
Gray Black
အရည်အသွေးကောင်းပြီး ပလပ်ပေါက်များများပါတဲ့ Socket ရှာနေတဲ့သူလေးတွေအတွက် Gadget Max SC3604 Socket လေး ရှိပါတယ်နော်။
Socket သုံးပေါက်နဲ့ USB ခြောက်ပေါက်ပါတာမို့ Device တွေ အများကြီး တစ်ပြိုင်တည်းအားသွင်းချင်တဲ့သူတွေအတွက် အရမ်းအဆင်ပြေပါတယ်။ABS Material နဲ့ပြုလုပ်ထားတာကြောင့် အပူချိန် 850° ထိခံနိုင်ရည်ရှိတာမို့ ပလပ်ခုံပူလာမျိုးမရှိဘဲ အမြင့်ဆုံး Current 3.4A ထိလက်ခံနိုင်ပါတယ်။
ကြိုးအရှည်ကလည်း 2meters တောင်ရှည်တာမို့ ကိုယ်သုံးချင်တဲ့နေရာကို အေးဆေးယူသုံးရုံပါပဲ။
Mi 3 USB Port Socket
Quality ကောင်းကောင်းနဲ့ Socket ကောင်းကောင်းလေး ရှာနေတယ်ဆိုရင်တော့ Mi ရဲ့ USB 3 port တောင်ပါတဲ့ Socketလေး ရှိပါတယ်။ USB Port တွေ အပြင်လဲ Child Protected Socket 3 Port ပါသေးတာမလို့ သုံးရအဆင်ပြေစေမှာပါ။
Mi XMCXB05QM Socket
Quality ကောင်းကောင်းနဲ့ ပလပ်ပေါက်လဲ စုံတာမျိုးထဲက Socket လိုချင်တယ်ဆိုရင်တော့ Mi XMCXB05QM Socket လေးရှိပါတယ်။ CN/AU/EU 2-pin ပလပ်ပေါက် 3 ပေါက် နဲ့ USB-A 2 ပေါက် အပြင် Type C ပလပ်လဲ တစ်ခုပါတာကြောင့် ဘယ်လိုအားသွင်းချင်ချင် အဆင်ပြေစေမဲ့ Socket လေးဖြစ်ပါတယ်။
Remax RU-S2 Socket
Socket ကိုအပေါက်များများနဲ့ Quality ကောင်းကောင်လေးရှာနေရင်တော့ ဒီ Remax RU-S2 US Socket လေးကိုသာဆောင်ထားလိုက်တော့။
ပလက်ခေါင်း အားလုံးအသုံးပြုနိုင်တဲ့ Universal Plug သုံးပေါက် နဲ့ 10W ထိရတဲ့ USB A (4) ပေါက်ပါတော့ ဖုန်းအားပဲသွင်းသွင်း တခြားကြိုက်ရာသုံး လုံလုံလောက်ဖြစ်စေမှာပါ။
အပူဒဏ် 750°C အထိ ခံနိုင်ရည်ရှိလို့ မီးဘေးအန္တရာယ် အတွက် ပူစရာမလိုတဲ့ ABS Plastic Material Body ကြောင့် စိတ်ချလက်ချသုံးနိုင်မှာပါ။
Remax PC-1 Socket
PD+QC ပါတဲ့အပြင် 32W အထိထွက်တဲ့ စွယ်စုံသုံးပလပ်ခုံ PC-1 လေးအကြောင်းပြောပြပေးမယ်နော်။
ပလပ်ခုံရဲ့ Body အသားကို၇၅၀°Cအထိ မီးလုံး၀မလောင်တဲ့ ABS အသားနဲ့ ပြုလုပ်ပေးထားပါတယ်။
အားဝင်မဝင်ကိုသိရမယ့် ပါဝါမီးသီးလေးလဲပါတဲ့အပြင် အဖွင့်အပိတ်ခလုတ်ပါလို့ အသုံးမပြုရင်လည်းပိတ်ထားလို့ရတော့စိတ်ချလက်ချအသုံးပြုနိုင်တယ်။
စုစုပေါင်း 32 W ထိမျှပြီးထွက်ပေးတဲ့ Type-C တစ်ပေါက် နဲ့ USB ပေါက်၄ပေါက်လည်းပါတော့ ဖုန်းတွေနဲ့အခြား Devices တွေကို အားသွင်းဖို့ အားသွင်းခေါင်းရှာစရာမလိုတော့ဘူးပေါ့။
2 Pins / 3 Pins နှစ်မျိုးသုံးနိုင်တဲ့ Universal ပလပ်ပေါက်3ပေါက်ပါရှိပြီး ဓါတ်မလိုက်အောင်ကာကွယ်ပေးတဲ့ Shield လေးတွေလည်းပါပါသေးတယ်။
Remax RP-U153 (Kiddy Series) Power Strip
64,600 Ks – 64,700 KsSocket တစ်ခုတည်းနဲ့ Device ပေါင်းစုံသုံးဖို့ဆိုရင် USB Port 3 Port, Type-C Port 1 Port နဲ့ Socket 3 Port ပါတဲ့ RP-U153 လေးရှိပါတယ်။ သူက အဖွင့်အပိတ်လုပ်ဖို့ Power ခလုတ်လေးပါတာမလို့ စိတ်ချလက်ချသုံးလို့ရမယ့်အပြင် ကြိုးအရှည်ကလည်း 1.5M ဆိုတော့ ရုံးမှာပဲသုံးမလား အိမ်သုံးဖို့ပဲဝယ်မလား အေးဆေးပါပဲ။
Remax RP-U160 Socket
အိမ်မှာပဲဖြစ်ဖြစ်၊ ရုံးမှာပဲဖြစ်ဖြစ် စိတ်ချလက်ချနဲ့ တစ်ပြိုင်နက် အားသွင်းအသုံးပြုနိုင်ဖို့ Remax RP-U160 Socket လေးရှိပါတယ်။ AC ပလပ်ပေါက် (၅)ခုပါတဲ့အတွက် ဖုန်းနဲ့ Tablet တွေကို အချိန်တိုအတွင်း အမြန်ဆုံး အားပြည့်စေပါတယ်။ 30W Type-C PD Fast Charging ဖြစ်တဲ့ အပြင် USB အားသွင်းပေါက် (၄)ခုတောင် ပါဝင်လို့ အားသွင်းခေါင်းအပြားကြီးတွေ ရှုပ်ထွေးနေမယ့် ဒုက္ခကနေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။ ကလေးသူငယ်တွေအတွက် ဘေးကင်းစေမယ့် protective shutter ဒီဇိုင်းနဲ့အတူ လျှပ်စီးလှိုင်းဒဏ် ကာကွယ်ပေးတဲ့ Overload Protection စနစ်တွေ ပါဝင်တာကြောင့် စိတ်ချရပြီး အသုံးပြုရတာ အဆင်ပြေစေမယ့် Socket ကောင်းတစ်ခု ဖြစ်ပါတယ်။
Remax RP-U195 (Kitty Series 30W) Power Strip
Socket တစ်ခုတည်းနဲ့ Device ပေါင်းစုံသုံးဖို့ဆိုရင် USB Port 2 Port, Type-C Port 4 Port နဲ့ Socket 5 Port ပါတဲ့ RP-U195 လေးရှိပါတယ်။ သူက အဖွင့်အပိတ်လုပ်ဖို့ Power ခလုတ်လေးပါတာမလို့ စိတ်ချလက်ချသုံးလို့ရမယ့်အပြင် ကြိုးအရှည်ကလည်း 1.5M ဆိုတော့ ရုံးမှာပဲသုံးမလား အိမ်သုံးဖို့ပဲဝယ်မလား အေးဆေးပါပဲ။









