Honor 600 (5G)
2,472,600 Ks – 2,715,100 Ksလက်ထဲမှာကိုင်လိုက်တာနဲ့ ပေါ့ပါးပြီး စတိုင်ကျမိမိုက်နေမဲ့ Honor 600 (5G) ကတော့ 6.57-inches AMOLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate အထိ Support ပေးတာကြောင့် အရောင်အသွေးစိုစိုနဲ့ ရုပ်ထွက်ကောင်းကောင်းခံစားရစေမှာပါ။ Performance အပိုင်းမှာတော့ Snapdragon 7 Gen 4 (4nm) ကိုအသုံးပြုပေးထားလို့ Multitasking အပြင် Gaming အပိုင်းမှာလည်း မြန်ဆန်ချောမွေ့နေစေမှာပါ။ 200 MP Ultra-clear AI Cameraနဲ့ အသေးစိတ်ကျကျ၊ Professional ဆန်တဲ့ Portrait ပုံတွေကို အလွယ်တကူ ဖန်တီးနိုင်မယ့်အပြင် 12 MP Ultra-Wide Camera နဲ့ 50 MP Selfie Camera တို့ကိုအသုံးပြုပေးထာတာကြောင့် နေ့ဘက်၊ ညဘက်မရွေး ပုံအလန်းစားတွေကိုလည်း စိတ်တိုင်းကျ ရိုက်ကူးနိုင်ပါတယ်။ ဒါ့အပြင် 7000mAh Silicon-Carbon Battery ကို ထည့်သွင်းပေးထားလို့ တစ်နေ့လုံး စိတ်ချလက်ချ အသုံးပြုနိုင်ပြီး 80W HONOR SuperCharge နဲ့ အားသွင်းချိန်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်လို့ တကယ့်ကို Premium ဆန်တဲ့ All-rounder ဖုန်းတစ်လုံးဖြစ်ပါတယ်။
Honor 600 Pro (5G)
ကိုင်လိုက်တာနဲ့ Premium ဆန်ဆန်ခံစားချက်ကိုရစေမယ့် Honor 600 Pro 5G ကတော့ 6.7-inches AMOLED Display ကို အသုံးပြုထားပြီး 120Hz Refresh Rate အထိ Support ပေးတာကြောင့် အရောင်အသွေးစိုစိုနဲ့ ရုပ်ထွက်ကောင်းကောင်းခံစားရစေမှာပါ။ Performance အပိုင်းမှာတော့ Snapdragon 8 Elite (3 nm) ကိုအသုံးပြုပေးထားလို့ Multitasking အပြင် Gamer တွေအတွက် ရွေးချယ်သင့်တဲ့ အထဲမှာပါပါတယ်။ 200 MP Ultra-clear AI Camera, 50 MP Telephoto Camera, 12 MP Ultra-Wide Camera တို့ကိုအသုံးပြုပေးထာတာကြောင့် Professional ဆန်ဆန် အသေးစိတ်ပြတ်သားတဲ့ပုံတွေကို ရိုက်ကူးနိုင်သလို 50 MP Front Camera ကြောင့် Selfie နဲ့ Video Call တွေမှာလည်း ကြည်လင်ပြတ်သားတဲ့ Quality ကို ရရှိစေမှာပါ။ ဒါ့အပြင် 7000mAh Silicon-Carbon Battery ကို ထည့်သွင်းပေးထားလို့ တစ်နေ့လုံး စိတ်ချလက်ချ အသုံးပြုနိုင်ပြီး 80W HONOR SuperCharge နဲ့ အားသွင်းချိန်ကိုလည်း သိသိသာသာ လျှော့ချပေးနိုင်လို့ တကယ့်ကို Premium ဆန်တဲ့ Flagship ဖုန်းတစ်လုံးဖြစ်ပါတယ်။
Honor Pad V9 (Wifi)
ရုပ်ရှင်ပဲကြည့်ကြည့်၊ ဂိမ်းပဲဆော့ဆော့ ရုပ်ထွက်ကြည်လင်ပြတ်သားတဲ့ Honor Pad V9 ဟာ 11.5 inches LCD Display ကိုအသုံးပြုထားပြီး 144Hz Screen Refresh Rate Support ပေးထားတာကြောင့် နေ့စဥ်အသုံးပြုမှုအတွက် လွယ်ကူချော့မွေ့နေစေမှာပါ။ Performance ပိုင်းမှာလည်း Mediatek Dimensity 8350 ကိုအသုံးပြုပေးထားပါတယ်။ Main Camera အနေနဲ့ 13 MP ကိုအသုံးပြုပေးထားပြီး Selfie Camera ပိုင်းမှာဆိုရင်တော့ 8 MP ကိုအသုံးပြုပေးထားပါတယ်။ ဒါ့အပြင် 10,100mAh ဘက်ထရီပမာဏအပြည့် ပါဝင်သောကြောင့် တစ်နေ့တာလုံး အားခဏခဏသွင်းစရာမလိုဘဲ စိတ်ကြိုက်သုံးနိုင်သည့်အပြင် ပါးလွှာပေါ့ပါးသည့် ဒီဇိုင်းကြောင့် သွားလေရာ သယ်ဆောင်ရလွယ်ကူစေတဲ့အတွက် နေ့စဥ်အသုံးပြုမှုတွေအပြင် အလုပ်အတွက်ပါအဆင်ပြေမဲ့ Tablet တစ်ခုပဲဖြစ်ပါတယ်။
Honor Pad X8B (Wifi)
ဈေးနှုန်းသင့်တင့်ပြီး Battery အကြမ်းခံတဲ့ Tablet လေးကို ရှာနေတဲ့သူတွေ အတွက် Honor Pad X8B (Wifi)လေး ရှိပါတယ်။ Battery Capacity 10100 mAh ပါဝင်တဲ့အတွက် အားကုန်မြန်မှာလဲ စိတ်ပူစရာမလိုတော့ပါဘူး။ 11.0 inches , TFT LCD Display ကိုမှ 90Hz refresh rate ပါဝင်ပြီး Qualcomm SM6225 Snapdragon 680 4G (6 nm) chipset ကြောင့်လဲ Daily use အတွက်ပဲဖြစ်ဖြစ် ၊ online learning အတွက်ပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။ Camera ပိုင်းမှာလဲ Main Camera 5 MP နဲ့ Selfie Camera 5 MP အသုံးပြုပေးထားပါတယ်။
Honor X5c
ရိုးရိုးရှင်းရှင်း Design လေးနဲ့ budget လဲ Save ဖြစ်ဖြစ်ဖုန်းလေး ရှာနေတာဆိုရင်တော့ Honor X5c လေးရှိပါတယ်။ 6.74 inches Screen ကိုမှ TFT LCD ကိုသုံးပေးထားပြီးတော့ 90 Hz refresh rate အထိ လဲ Support ပေးထားပါတယ်။ Chipset ကိုတော့ Mediatek Helio G81 (12 nm) ကို အသုံးပြုပေးထားပါတယ်။ Camera ပိုင်းမှာတော့ Main Camera အနေနဲ့ 13 MP, Selfie Camera အနေနဲ့ 5 MP ကိုအသုံးပြုပေးထားပါတယ်။ Li-Po 5260 mAh ပါတဲ့ Battery ကိုအသုံးပြုပေးထားပြီး 15W Charging အထိ Support ပေးထားပါတယ်။
Honor X5c Plus
ရိုးရိုးရှင်းရှင်း Design လေးနဲ့ budget လဲ Save ဖြစ်ဖြစ်ဖုန်းလေး ရှာနေတာဆိုရင်တော့ Honor X5C Plus လေးရှိပါတယ်။ 6.74 inches Screen ကိုမှ TFT LCD ကိုသုံးပေးထားပြီးတော့ 90 Hz refresh rate အထိ လဲ Support ပေးထားပါတယ်။ Chipset ကိုတော့ Mediatek Helio G81 (12 nm) ကို အသုံးပြုပေးထားပါတယ်။ Camera ပိုင်းမှာတော့ Main Camera အနေနဲ့ 50 MP, Selfie Camera အနေနဲ့ 5 MP ကိုအသုံးပြုပေးထားပါတယ်။ Li-Po 5260 mAh ပါတဲ့ Battery ကိုအသုံးပြုပေးထားပြီး 15W Charging အထိ Support ပေးထားပါတယ်။
Honor X7D
921,500 Ks – 950,600 Ksအရမ်းကြမ်းတဲ့ battery performance ကြောင့် DXOMARK Gold label ပါ ရရှိထားတဲ့ Honor X7D မှာတော့ 6,500 mAh Battery ကိုသုံးပေးထားပြီး အားအမြန်ပြန်သွင်းနိုင်ဖို့လဲ 35W SuperCharge ထိ support ပေးထားပါတယ်။ Chipset အနေနဲ့ကတော့ Qualcomm ရဲ့ Snapdragon 685 ကို အသုံးပြုပေးထားပြီး 6.77 inches TFT LCD Display ကိုမှ 120Hz refresh rate အထိရလို့ Scroll လုပ်ရတာတွေ smooth ဖြစ်စေမှာပါ။ Main Camera 108 MP နဲ့ Selfie Camera 8 MP သုံးထားလို့ ပုံရိုက်ရတာကြိုက်တဲ့သူတွေအတွက်လဲ သဘောတွေ့စေမှာပါ။
Honor X8D
ဖုန်းအသုံးများလို့ အားခဏခဏ ကုန်နေတဲ့ ပြဿနာကို ဖြေရှင်းချင်တယ်ဆို Honor X8D လေး ရှိပါတယ်။ Battery 70000 mAh ပါဝင်တဲ့ အတွက် အားကုန်မြန်မှာလဲ စိတ်ပူစရာမလိုတော့ပါဘူး။ 6.77 inches, 120Hz refresh rate ကို support ပေးထားပြီး AMOLED Display နဲ့မို့ ရုပ်ထွက်ပိုင်းကလည်း ရှင်းလင်းပြတ်သားနေမှာပါ။ Qualcomm Snapdragon 6s 4G Gen 2 Chipset ကို အသုံးပြုပေးထားလို့ App တွေအများကြီး တစ်ပြိုင်နက်သုံးတာပဲဖြစ်ဖြစ် အထစ်အငေါ့မရှိ ချောမွေ့စွာ အသုံးပြုနိုင်မှာပါ။ Main camera 108MP, 5MP Ultra-Wide Camera, Selfi camera 16MP ပါဝင်လို့ ဓာတ်ပုံရိုက်ရတာ ဝါသနာပါသူတွေအတွက် အသေးစိတ်ကျတဲ့ ပုံရိပ်တွေကိုလဲ ဖမ်းယူပေးနိုင်ပါတယ်။
Honor X9D
1,803,300 Ks – 2,065,200 Ks“Unbreakable” AI smartphone လို့တောင် ခေါ်ရအောင် Durable ဖြစ်ပြီး 6.133 meters ကနေ Intact Free Fall Guinness World Record ရထားတဲ့ Honor X9D ကတော့ 6.79 inches Screen size နဲ့ AMOLED Display ကို 120Hz Refresh Rate အထိ Support ပေးထားပါတယ်။ Qualcomm Snapdragon 6 Gen 4 Chipset သုံးပေးထားလို့ Daily use ပေါ့ပေါ့ပါးပါးသုံးလို့ရမှာပါ။ Main Camera ကို 108 MP သုံးပေးထားလို့ MP များများနဲ့ Detail ကျကျ ဓာတ်ပုံရိုက်ရတာသဘောကျတဲ့သူတွေအတွက် ကွက်တိဖြစ်စေမှာပါ။ Selfie Camera ကိုတော့ 16 MP သုံးပေးထားပါတယ်။ Battery ကိုတော့ 8300 mAh တောင်ရှိတဲ့ Si/C Li-Ion Battery ကိုသုံးပေးထားလို့ တစ်ခါအားသွင်းထားရုံနဲ့ အချိန် တော်တော်ကြာကြာ ကို အားပြန်သွင်းစရာမလိုမဲ့ ဖုန်းတစ်လုံးပါ။ 66W Fast Charging အထိလဲ Support ပေးထားလို့ 8300 mAh Battery ကြီးကိုတောင် ခဏလေးနဲ့ အားပြန်ပြည့်စေမှာပါ။








