Choetech HUB-M19 7 In 1 USB-C to HDMI Multiport Adapter
USB-C Port ကို Multiport အဖြစ်အသုံးပြုဖို့အတွက် Adapter လိုအပ်နေတယ်ဆိုရင်တော့ Choetech HUB-M19 7-in-1 USB-C Multiport Adapter လေးက သင့်အတွက်ဖြစ်မှာပါ။ Office ပိုင်းဘဲဖြစ်ဖြစ်၊ Entertainment သဘောဘဲသုံးသုံးအဆင်ပြေမှာဖြစ်ပြီး Port ကလဲ 7 ခုတောင်ပါတာမလို့ Storage စိုက်ချင်တာဖြစ်ဖြစ် HDMI Join ချင်တာဖြစ်ဖြစ် အကုန်အဆင်ပြေစေမယ့် Mutliport Adapter ဖြစ်ပါတယ်။
Gadget Max 8M501 AIO Adapter Travel Mini Box
ခရီးသွားရတဲ့အခါ Devicesတွေနှစ်ခုသုံးခုသယ်ရတဲ့သူတွေအတွက် အားသွင်းကြိုးနှစ်ကြိုးသုံးကြိုး သယ်ရတဲ့ ပြဿနာကို ဖြေရှင်းပေးမယ့် Gadget Max 8M501 AIO0 Adapter Travel Mini Box လေးလဲ ရှိပါသေးတယ်နော်။ ဒီ Adapter လေးမှာတော့ Type-C to Type-C 60W, Type-C to Lightning PD 27W အပြင် USB to Type-C ကို 3A အထိ Support ပေးတာမလို့ ဘယ်လို Port မျိုး ဘယ်လို Charger တုံး မျိုးနဲ့မဆို သုံးရအဆင်ပြေစေမယ့် travel kit လေး ဖြစ်တာကြောင့် ခရီးသွားရတဲ့ သူတွေ အကြိုက်တွေ့စေမှာပါ။
Gadget Max GH03 iPhone OTG Adapter
iPhone တွေအတွက် Data ကူးဖို့လိုအပ်တဲ့အချိန်မှာ ရှာရခက်နေတယ်ဆိုရင် GH03 iPhone OTG Adapter လေးရှိတယ်နော်။
Memory Stick ထဲက Data တွေကူးဖို့ကြည့်ဖို့ PC / Laptop တွေရှိဖို့မလိုတော့ဘူး iphone မှာတိုက်ရိုက်ထိုးပြီးကြည့်လို့ရမှာပါ။
ကျစ်လစ်ပြီးအကြမ်းခံတဲ့ Metal Shell Style ကိုသုံးထားပြီး အရွယ်ကလည်းသေးသေးလေးဆိုတော့ ဘယ်သွားသွား အလွယ်အကူယူသွားလို့ရတာပေါ့။
Remax RA-USB2 Micro to Lighting Adapter
5,600 Ks – 5,700 Ksပေါ့ပေါ့ပါးပါးနဲ့ အိတ်ထဲကို အလွယ်တကူ သယ်သွားလို့ ရတဲ့ adapter လေးတစ်ခုရှာနေတယ်ဆို Remax ရဲ့ Micro to lighting လေး ရှိတယ်နော်။ Lighting Port လေးပါဝင်တဲ့ အတွက် Lightning port သုံးတဲ့ Apple Devices လေးတွေ မှာလဲ အသုံးပြုလို့ ရပါတယ်။ Aluminium Alloy ကို အသုံးပြုထားတဲ့အတွက် ကြာရှည်ခံပြီး အားသွင်းတဲ့ အခါမှာလဲ 3A ထိ support ပေးပါတယ်။




