Filter by Brands
- Gadget Max 4
- JBL 3
- Marshall 3
- Remax 6
Filter by Categories
Filter by Color
Filter by price
Product Type
- ANC Headphone (6)
- Bluetooth Headphone (6)
- Wired Headphone (4)
Gadget Max GM-16 Wireless Headphone
သံစဉ်တွေကို အပြည့်အဝ ခံစားနှစ်ခြိုက်ဖို့ Gadget Max GM-16 Wireless Headphone လေးရှိပါတယ်နော်။Bluetooth 5.0 Version ဆိုတော့ ချိတ်ဆက်ရတာ လွယ်ကူလျင်မြန်ပါတယ်။
Battery 200mAh ပါလို့ ၁နာရီခွဲအးသွင်းထားရုံနဲ့ ၅နာရီဝန်းကျင်လောက်သုံးလို့ရပါတယ်။Bluetooth ချိတ်ပြီး နားထောင်လို့ရတဲ့ အပြင် Aux Cable နဲ့ချိတ်ပြီးနားထောင်လို့လည်းရပါတယ်။
Gadget Max GM15 Wired Headphone
ဈေးသက်သက်သာသာထဲက ကြိုးနားကြပ်လေးရှာနေတဲ့သူတွေအတွက် Gadget Max GM15 Wired Headphone လေးရှိတယ်နော်။နားကြပ်လေးက ရာဘာသားအိအိလေးနဲ့ပြုလုပ်ထားတာမို့ အကြာကြီးတပ်ထားလည်း နားနာမှာတွေ စိတ်ပူစရာမလိုပါဘူး။
3.5mm Jack လေးနဲ့ဆိုတော့ ဖုန်းတော်တော်များများနဲ့ တွဲသုံးလို့ရမယ်။အသံ အတိုး၊အကျယ်နဲ့ ကျော်တာဘာညာ လုပ်ဖို့လည်း Control Button လေးရော ပါပါသေးတယ်။
Gadget Max GM17 Wired Headphone
သီချင်းတွေကို စိတ်နှစ်ပြီးခံစားဖို့ အတွက် Headphoneရှာနေတယ်ဆိုရင်တော့ Gadget Max GM17 Wired Headphone လေးရှိပါတယ်။ 40 mm Size Speaker နဲ့မလို့ HD quality sound တွေကိုနားထောင်ရမှာပါ။ စျေးကလဲ budget friendly ဖြစ်တဲ့ အပြင် Play/Pause, Next/Previous Track, Answer/End Call လုပ်လို့ ရမယ့် Control Button တွေပါ ထည့်သွင်းပေးထားလို့သုံးရအဆင်ပြေစေမှာပါ။ 3.5 mm audio port ပါတဲ့ ဖုန်းတွေ laptop တွေနဲ့တွဲသုံးလို့ရပါတယ်။
Gadget Max GM18 Wireless Headphone
Solid ဖြစ်တဲ့ Design လေးနဲ့ wireless headphone လေး ရှာနေတယ်ဆိုရင်တော့ Gadget Max GM18 Wireless Headphone လေးရှိပါတယ်။ Bluetooth Version 5.3 အသုံးပြုပေးထားလို့ ချိတ်ဆက်ရလွယ်ကူအားကောင်းမယ့်အပြင် 40 mm Speaker သုံးပေးထားလို့ အသံအားကောင်းကောင်းနဲ့ သီချင်းတွေကို ခံစားလို့ ရစေမှာပါ။ Battery ကလဲ 2 နာရီလောက်အားသွင်းရင်ပြည့်ပြီးတော့ 7 နာရီလောက် အသုံးခံတဲ့ 200 mAh Battery ကိုအသုံးပြုပေးထားပါတယ်။
JBL Live 460NC BT Wireless Headphone
Bluetooth အပြင် Wired ကြိုးနဲ့ပါ ပုံစံနှစ်မျိူးလုံးကို သုံးနိုင်မယ့် Headphone ထဲကဆိုရင်တော့ JBL Live 460NC BT Wireless Headphone လေးရှိပါတယ်။Audio Cable ကြိုးအပိုပါတာမို့ Bluetooth နဲ့ မသုံးချင်တဲ့ အချိန်ပဲ ဖြစ်ဖြစ် အားမရှိလို့ Power ပိတ်သွားတဲ့ အချိန်ပဲဖြစ်ဖြစ် သံစဉ်တွေက ပြတ်တောက်သွားမှာမဟုတ်တော့ဘူးနော်။
၂ နာရီလောက်အားသွင်းရုံနဲ့ Noise Cancellation ပိတ်ပြီးအသုံးပြုရင် နာရီပေါင်း 50 လောက်ထိ အားခံနိုင်ရုံမက Noise Cancellation ဖွင့်ပြီး အသုံးပြုရင်လည်း နာရီ 40 ကျော်ထိသုံးနိုင်မှာဆိုတော့တစ်ဝကြီးသုံးရုံပဲ။
JBL Quantum 100 Wired Headphone
Gamer တွေအနေနဲ့ Headphone တစ်လုံးဝယ်ထားရုံနဲ့စွယ်စုံသုံးလို့ရတဲ့ Headphone လေးတွေထဲက ပေးရတဲ့ဈေးထက်တန်တဲ့ Features လေးတွေနဲ့ကောင်လေးဆိုရင်တော့ JBL Quantum 100 Wired Headphone လေးရှိတယ်နော်။Lightweight headband နဲ့ အိအိစက်စက် ear cushions လေးတွေနဲ့ဆိုတော့ အကြာကြီးတပ်ထားရင်တော့ နားနာမှာ ခေါင်းနာမှာတွေအတွက်ထည့်မစဉ်းစားလည်းရပါတယ်နော်။
Sound Quality အတွက်တော့ 40mm driver ကတော်တော်ကြီးကိုအဆင်ပြေပါတယ်။Removable Mic လေးနဲ့ဆိုတော့ ဂိမ်းဆော့မနေရင်လည်း သီချင်းလေးနားထောင်ပြီး Chill နေလို့ရတော့အဆင်ပြေနေရောပဲ။
JBL Quantum 200 Wired Headphone
Headphone တစ်လုံးဝယ်ထားရုံနဲ့စွယ်စုံသုံးလို့ရတဲ့ Headphone လေးတွေထဲကဆိုရင်တော့ JBL Quantum 200 Wired Headphone လေးကလည်း ရွေးချယ်စရာတစ်ခုပဲနော်။ကြည်တောက်ရှင်းတဲ့ Ingame Sound တွေအတွက် 50mm driver size ကြီးကအဆင်ပြေပြေပဲနော်။
Lightweight headband နဲ့ဆိုတော့ တနေကုန်အမုန်းဆော့နေရင်တော့ ခေါင်းမနာတော့ဘူးပေါ့။ဖြုတ်လို့တပ်လို့ရတဲ့ Detachable mic ကြောင့် ကိုယ့်ရဲ့ Teammate တွေနဲ့ဘယ်လိုမဆိုအချိတ်အဆက်မိနေမှာနော်။
JBL Tune 730BT Wireless Headphone
သီချင်းနားထောင်တဲ့အခါ အရည်အသွေးမြင့်တဲ့သံစဥ်တွေကိုမှ ခံစားချင်တဲ့သူတွေအတွက် JBL Tune 730BT Wireless Headphone က ရွေးချယ်ရန်အသင့်တော်ဆုံးပါ။ JBL Pure Bass Sound နှင့် 40mm Driver များကြောင့် ကြည်လင်ပြတ်သားသောအသံနှင့် Deep ဖြစ်ဖြစ် Bass သံကို ခံစားနိုင်ပြီး၊ တစ်ကြိမ်အားသွင်းရုံဖြင့် 76 နာရီအထိ အသုံးပြုနိုင်သော Long Battery Life လည်း ပါဝင်ပါတယ်။ ပေါ့ပါးပြီး ခေါက်သိမ်းနိုင်တဲ့ Design နှင့် နူးညံ့သော Ear Cushions များကြောင့် အချိန်ကြာကြာတပ်ဆင်အသုံးပြုသည့်အခါတွင်လည်း သက်တောင့်သက်သာရှိနေစေမှာပါ။ Bluetooth Multipoint Connectivity နှင့် Fast Charging စနစ်များပါဝင်တာကြောင့် နေ့စဉ်အသုံးပြုမှုအတွက် စွမ်းဆောင်ရည်ကောင်းမွန်ပြီး ပေးရတဲ့စျေးနှုန်းထက်ပိုရစေမယ့် Headphone တစ်လုံးဖြစ်ပါတယ်။
JBL Tune 780NC Wireless Headphone
Bass အသံထွက်အားကောင်းကောင်းနဲ့ Active Noise Cancellation (ANC) ပါဝင်တဲ့ JBL Tune 780NC Wireless Headphone ဟာ သင့်နေ့စဉ်ဘဝအတွက် အကောင်းဆုံး Audio Experience ကိုပေးစွမ်းနိုင်ပါတယ်။ Wireless အပြင် Wired Mode လည်းအသုံးပြုနိုင်ပြီး 70 နာရီအထိ အသုံးခံတဲ့ Long Battery Life နဲ့ Fast Charging စနစ်တို့ကြောင့် အချိန်မရွေး အဆင်ပြေစွာသုံးနိုင်ပါတယ်။ Bluetooth Multipoint Connectivity ပါဝင်လို့ Device နှစ်ခုကိုတပြိုင်နက်ချိတ်ဆက်အသုံးပြုနိုင်တဲ့အတွက် ရုပ်ရှင်ကြည့် သီချင်းနားထောင်နေတဲ့အချိန်မှာတောင် Phone Calls တွေလွတ်သွားတာမျိုးမရှိနိုင်တော့ပါဘူး။
Marshall Major 5 Wireless Headphone
885,600 Ks – 894,500 KsThunderous Bass နဲ့ Smooth ဖြစ်တဲ့ ကြွကြွရွရွ Treble တွေကိုခံစားရမယ့် Marshall ရဲ့ Major 5 Wireless Headphone လေးမှာ Customisable M-Button လေးလည်းပါလို့ Sound Output ကိုလည်း စိတ်ကြိုက်ချိန်ညှိအသုံးနိုင်မှာပါ။ Wireless Charging လည်း Support ပေးပြီး Using Time အတွက်လည်း 100+ Hours Wireless Play time လိုမျိုး အကြမ်းစား Feature မျိုးနဲ့ Release လုပ်ထားတဲ့ Product မို့လို့ Audiophile တွေအတွက် ကျိန်းသေရှိထားသင့်တဲ့ Headphone တခုပါပဲ။ Foldable Body နဲ့မို့ အပြင်သွားတဲ့အခါလည်း အလွယ်တကူခေါက်သိမ်းသွားနိုင်ပါတယ်။
Marshall Monitor 3 Wireless Headphone
သံစဉ်တွေနဲ့တစ်ကမ္ဘာစီးမြောချင်တယ်ဆို Noise Cancelling အားကောင်းတဲ့ Monitor 3 လေးရှိပါတယ်။ အလွယ်တကူခေါက်လို့ရမယ့် Foldable Design လေးရယ် Play, Pause တွေကို ထိန်းချုပ်လို့ရတဲ့ Multidirectional Control Knob လေးနဲ့ Customizable Button လေးလည်း ပါတာကြောင့် ကိုယ့်ကမ္ဘာလေးကို စိတ်ကြိုက်ဖန်တီးရုံပါပဲ။
Marshall Monitor II ANC Wireless Headphone
သီချင်းနားထောင်တဲ့အခါ ပြင်ပကဆူညံသံတွေကို မကြားချင်တဲ့သူတွေအတွက် Marshall Monitor II ANC Wireless Headphone လေးရှိတယ်နော်။
Driver တွေကတော့ 40Mm Driver တွေကိုသုံးထားပါတယ်နော်။နူးညံ့တဲ့နားကြပ်အုံလေးတွေနဲ့ ပေါ့ပါးတဲ့ကိုယ်ထည်ကြောင့် နားနာမှာစိတ်မပူရပဲသက်သောင့်သက်သာလေးရှိပါတယ်။
လိုသလို Adjust လုပ်လို့ရတဲ့ကိုင်းတွေနဲ့ အလွယ်တကူခေါက်သိမ်းလို့ရလို့ပြီး Canvas Bag လေးပါ ပါလို့ ဘယ်သွားသွားယူသွားလို့အဆင်ပြေပါတယ်နော်။
2 နာရီအားသွင်းထားရုံနဲ့ ANC ဖွင့်ပြီးသုံးမယ်ဆိုရင် နာရီ 30 နဲ့ ANC မဖွင့်ထားရင် နာရီ 45 လောက်ထိအသုံးခံလို့အားရပါးရသုံးလို့ရတဲ့အပြင် ကြိုးလေးနဲ့သုံးချင်ရင်လည်း 3.5 Mm Cable လေးလည်းပါသေးတယ်နော်။
REMAX RB-100HB Wireless Headphone
51,500 Ks – 52,900 Ksရိုးရိုးရှင်းရှင်း Foldable Design နဲ့ သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆို Remax ရဲ့ RB-100HB လေးရှိပါတယ်နော်။ Ear Cushions လေးတွေကအစ Leather နဲ့ဆိုတော့ နားနာမှာစိုးရိမ်စရာမလိုတဲ့အပြင် သက်တောင့်သက်သာဖြစ်စေမှာပါ။Built-in ပါတဲ့ microphone လေးကြောင့် ကြည်လင်တဲ့ဖုန်းခေါ်ဆိုမှုတွေကိုခံစားလို့ရစေမှာပါ။ Battery Capacity 400mAh ဖြစ်လို့ 2နာရီအားသွင်းရုံနဲ့ 15 နာရီဝန်းကျင်လောက်ထိနားဆင်နိုင်ဦးမှာပါ။ Low Latency ကြောင့် အသံနောက်ကျတာကိုမကြိုက်တဲ့ Gamer တွေအတွက်လည်း အဆင်ပြေစေမှာပါ။
Remax RB-830HB Wireless Headphone
Classic ဆန်ဆန် Design လေးနဲ့ Remax RB-830HB လေးကတော့ နူးညံ့တဲ့သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆိုအဆင်ပြေပါတယ်။ENC cancelling လေးပါတာမလို့ Video Callပြောတာ၊Gameဆော့တာဖြစ်ဖြစ် Zoom ပဲဖြစ်ဖြစ် သုံးတဲ့အချိန်တွေမှာ ကိုယ့်ရဲ့အသံထွက်ကို တစ်ဖက်ကရှင်းရှင်းလင်းလင်းကြားနိုင်တာမလို့ အဆင်ပြေစေပါတယ်နော်။Gaming ပိုင်းမှာလည်း Low Latency Mode ဖြစ်လို့အဆင်ပြေစေမှာပါ။Bluetooth Version 5.4နဲ့မလို့ ချိတ်ဆက်အားကောင်းစေမယ့်အပြင်Battery Life ကလည်း 500 mAh ဆိုတော့အကြာကြီးအသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။
Remax RB-870 Open ENC Wireless Headphone
အသံအရည်အသွေးကောင်းမွန်ပြီး ENC Noice Cancellation ပါဝင်တဲ့ Remax RB-870 Wireless Headphone လေးဟာ Open Back Design နဲ့ပြုလုပ်ထားတာကြောင့် အချိန်ကြာကြာတပ်ထားလည်း ပေါ့ပါးပြီးသက်တောင့်သက်သာရှိနေစေမှာပါ။ Bluetooth Version 6.0 အသုံးပြုထားပြီး Touch Control ပါဝင်တာကြောင့် ချိတ်ဆက်ရလွယ်ကူပြီး လိုအပ်သလို Control လုပ်နိုင်မှာပါ။ Battery Capacity အနေနဲ့ 400 mAh ပါဝင်တာကြောင့် တစ်ခါအားသွင်းထားရုံဖြင့် တစ်ရက်နီးပါးလောက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။
Remax RB-920HB Wireless Headphone
လူငယ်ဆန်ဆန် design လေးနဲ့ မိုက်နေတဲ့ Remax RB-920HB Wireless Headphone လေးမှာတော့ Bluetooth version 5.4 ကိုအသုံးပြုပေးထားလို့ ချိတ်ဆက်ရလွယ်ကူစေမှာပါ။ Battery ကိုလဲ 4 နာရီဝန်းကျင်သာ အားသွင်းရမှာဖြစ်ပြီး Playback time က နာရီ 60 လောက်ထိ အသုံးခံမယ့် 600 mAh Battery ကိုအသုံးပြုပေးထားပါတယ်။ Active Noice Cancellation ပါတာကြောင့် သီချင်းတွေမှာ နှစ်မြောပြီး အချိန်အကြာကြီး စီးမြောချင်သူများအတွက် အကြိုက်တွေ့စေမယ့် ANC wireless headphone လေးတစ်ခုပါ။
Remax RB-950HB Wireless Headphone
Quality ကောင်းကောင်းနဲ့ Headphone ကို Active Noise Cancellation ပါတာလေးမှလိုချင်တယ်ဆိုရင်တော့ Remax RB-950HB Wireless Headphone လေးရှိပါတယ်။ Connectivity ကို Bluetooth 5.3 သုံးပေးထားတာမလို့ ချိတ်ဆက်ရလွယ်ကူမြန်ဆန်မယ့်အပြင် Bluetooth Range ကလဲ 10M အထိ ရပါတယ်။ Battery 600mAh ပါတာမလို့လဲ 2-2.5 နာရီလောက်အားသွင်းရုံနဲ့ နာရီ30 လောက် အသုံးခံလို့ ရွေးချယ်သင့်တဲ့ Wireless Headphone လေးတွေထဲကတစ်ခုပါ။
Remax RB-980HB Wireless Headphone
Classic ဆန်ဆန် Design လေးနဲ့ Remax RB-980HB လေးကတော့ နူးညံ့တဲ့သံစဉ်လေးတွေကို ခံစားဖို့အတွက်ဆိုအဆင်ပြေပါတယ်။Active Noise cancelling လေးပါတာမလို့ ပတ်ဝန်းကျင်ကအသံတွေကိုဖယ်ရှားပေးပြီး အေးအေးဆေးဆေးသံစဉ်လေးတွေ စီးမျှောရုံပါပဲ။ Headphone တစ်ခုတည်းကို ဖုန်းနှစ်လုံးချိတ်ဆက်လို့ရပြီး ဖုန်းခေါ်ဆိုမှူအပြင် Gaming ပိုင်းမှာလည်း Low Latency Mode ဖြစ်လို့အဆင်ပြေစေမှာပါ။Battery Life ကလည်း 800 mAh ဆိုတော့အကြာကြီးအသုံးပြုချင်တဲ့သူတွေအတွက် အကြိုက်တွေ့စေမှာပါ။ Playtime အတွက်ဆို ၃ နာရီလောက်အားသွင်းထားရုံနဲ့နာရီအတော်ကြာကြာထိနားဆင်နိုင်ဦးမှာပါ။

















