Installment Plan

Anycall Mobile တွင် လစဉ်အရစ်ကျပေးသွင်းစနစ်ဖြင့် ဝယ်ယူလိုသော Customer များအတွက်လည်း လျှောက်ထားရလွယ်ကူတဲ့ Installment Service များ စီစဉ်ပေးထားပါတယ်။

လျှောက်ထားလို့ရနိုင်တဲ့ အရစ်ကျဝန်ဆောင်မှုတွေကတော့

  • Rent2Own
  • မဟာဘောဂ
  • Aeon (YGN Only)
Rent2Own နဲ့ လျှောက်ထားမယ်ဆိုရင်

မှတ်ပုံတင် မူရင်း

  • အိမ်ထောင်စုဇယား မူရင်း
  • ရပ်ကွက်ထောက်ခံစာ မူရင်း  လိုအပ်ပါတယ်။တကယ်လို့ ရပ်ကွက်ထောက်ခံစာ မရှိဘူးဆိုရင်နောက်ဆုံးဆောင်ခဲ့တဲ့ မီတာခွန်  (သို့)  ရေခွန် လိုအပ်ပါတယ်။
  • မီတာခွန် (သို့) ရေခွန် နဲ့ လျှောက်ထားမယ်ဆိုရင်တော့ ထောက်ခံသူ လိုအပ်ပါမယ်။

ထောက်ခံသူ ကလည်း

  • မှတ်ပုံတင် မူရင်း
  • အိမ်ထောင်စုဇယား မူရင်း လိုအပ်ပါတယ်။
  • ထောက်ခံသူဟာ အိမ်ထောင်စုဇယား တစ်ခုတည်း ပေါက်လို့မရပါဘူး။
  • လင်မယား ဖြစ်လို့မရပါဘူး။
  • Rent2Own အရစ်ကျကို လက်ရှိယူထားတဲ့သူ မဖြစ်ရပါဘူး။
  • အနည်းဆုံး 30% Down Payment ချေရပါမယ်။
  • ယူမယ့်ပစ္စည်းကတော့ အနည်းဆုံး 320,000 Ks ဝန်းကျင် ရှိရပါမယ်။

ပစ္စည်း စထုတ်ပြီဆိုတာနဲ့

  • (ကနဦးသွင်းငွေ + စာရွက်စာတမ်းကြေး) ကို ပေါင်းသွင်းရပါမယ်။
  • လျှောက်ထားမည့် ပစ္စည်းတန်ဖိုးပေါ် မူတည်၍ (၆) လ, (၉)လ, (၁၂)လ, (၁၈) လ အရစ်ကျဖြင့် လျှောက်ထားနိုင်ပါတယ်။

Rent2Own အရစ်ကျဖြင့် လျှောက်ထားရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Rent2Own Hotline No. (09 765 433 822) ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဒါမှမဟုတ် Anycall Mobile ရဲ့ မန္တလေးဖုန်း (09 7510 70070) ဖြစ်ဖြစ်

ရန်ကုန်ဖုန်း (09 7510 70077) ကိုဖြစ်ဖြစ် အသေးစိတ်ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

မဟာဘောဂ နဲ့ လျှောက်ထားမယ်ဆိုရင်
  • မှတ်ပုံတင် မူရင်း
  • အိမ်ထောင်စုဇယား မူရင်း
  • ရပ်ကွက်ထောက်ခံစာ မူရင်း  လိုအပ်ပါတယ်။

လျှောက်ထားမယ့်သူက

ဝန်ထမ်းဆိုရင်

  • ဝန်ထမ်းကဒ် + ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုရင်

  • လုပ်ငန်းလိုင်စင်

အခြားလုပ်ငန်းလုပ်ကိုင်တယ်ဆိုရင်

  • လုပ်ငန်းလုပ်ကိုင်နေတဲ့ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီးဆီကနေ ဘာလုပ်ငန်း လုပ်ကိုင်နေတယ် ဆိုတဲ့ အကြောင်းနဲ့ တစ်လမှာ အကြမ်းဖျင်းဝင်ငွေ ဘယ်လောက်ရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက် လိုအပ်ပါတယ်။

ထောက်ခံသူ မရှိမဖြစ် လိုပါတယ်။

ထောက်ခံသူကလည်း

  • မှတ်ပုံတင် မူရင်း
  • အိမ်ထောင်စုဇယား မူရင်း

ဝန်ထမ်းဆိုရင်

  • ဝန်ထမ်းကဒ် + ဝန်ထမ်းဖြစ်ကြောင်း ထောက်ခံစာ

ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်တယ်ဆိုရင်

  • လုပ်ငန်းလိုင်စင်

အခြားလုပ်ငန်းလုပ်ကိုင်တယ်ဆိုရင်

  • လုပ်ငန်းလုပ်ကိုင်နေတဲ့ ရပ်ကွက်ရဲ့ ရပ်ကွက်လူကြီးဆီကနေ ဘာလုပ်ငန်း လုပ်ကိုင်နေတယ် ဆိုတဲ့ အကြောင်းနဲ့ တစ်လမှာ အကြမ်းဖျင်းဝင်ငွေ ဘယ်လောက်ရှိကြောင်း လက်မှတ်ထိုးထားတဲ့ စာရွက် လိုအပ်ပါတယ်။
  • ထောက်ခံသူဟာ အိမ်ထောင်စုဇယား တစ်ခုတည်း ပေါက်လို့မရပါဘူး။
  • လင်မယား ဖြစ်လို့မရပါဘူး။
  • လျှောက်ထားသူနဲ့ ထောက်ခံသူ  အပြန်အလှန် ထောက်ခံပေးလို့ ရပါတယ်။
  • အနည်းဆုံး 20% Down Payment ချေရပါမယ်။
  • ယူမယ့်ပစ္စည်းကတော့ အနည်းဆုံး 300,000 Ks ဝန်းကျင် ရှိရပါမယ်။

ပစ္စည်း စထုတ်ပြီဆိုတာနဲ့

  • (ကနဦးသွင်းငွေ + စာရွက်စာတမ်းကြေး) ကို ပေါင်းသွင်းရပါမယ်။
  • လျှောက်ထားမည့် ပစ္စည်းတန်ဖိုးပေါ် မူတည်၍ (၆) လ, (၉)လ, (၁၂)လ, (၁၈) လ အရစ်ကျဖြင့် လျှောက်ထားနိုင်ပါတယ်။

မဟာဘောဂ အရစ်ကျဖြင့် လျှောက်ထားရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Mahar Bawga Hotline No. (09 681 191 999) ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဒါမှမဟုတ် Anycall Mobile ရဲ့ မန္တလေးဖုန်း (09 7510 70070) ဖြစ်ဖြစ်

ရန်ကုန်ဖုန်း (09 7510 70077) ကိုဖြစ်ဖြစ် အသေးစိတ်ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

Aeon Installment နဲ့ လျှောက်ထားတဲ့အခါ

New Customer/ Old Customer ဆိုရင်

  1. လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
  2. အိမ်ထောင်စုစာရင်း  မိတ္တူ  (သို့)  တစ်လအတွင်း ရယူထားသော ရဲစခန်းထောက်ခံစာ မူရင်း  (သို့)  ယာယီအိမ်ထောင်စုစာရင်း မိတ္တူ
  3. တစ်လအတွင်းရယူထားသော ရပ်ကွက်ထောက်ခံစာ မူရင်း  (သို့)  ဧည့်စာရင်း မိတ္တူ  (သို့)  နောက်ဆုံးဆောင်ထားသော မီတာစာရွက် (3) လစာ မိတ္တူ (သို့) နောက်ဆုံးဆောင်ထားသော Wifi Bill (3) လစာ မိတ္တူ  (သို့)  အိမ်ရှင်အိမ်ငှား စာချုပ်မိတ္တူ
  4. တစ်လအတွင်း ရယူထားသော အလုပ်ထောက်ခံစာ မူရင်း
  5. အာမခံမည့်သူ၏ မှတ်ပုံတင် မူရင်း နှင့် မိတ္တူ

မှတ်ချက်။  ဝန်ထမ်းဆို အနည်းဆုံး လုပ်သက် (6) လနှင့်အထက် ရှိရမည်။ (New Customer/ Old Customer)

Member Customer ဆိုရင်

  1. Member Code, Member Software ဖွင့်ထားရမည်။
  2. လျှောက်ထားသူ၏ မှတ်ပုံတင် မူရင်း နှင့် မိတ္တူ
  3. တစ်လအတွင်းရယူထားသော ရပ်ကွက်ထောက်ခံစာ မူရင်း  (သို့)  ဧည့်စာရင်း မိတ္တူ  (သို့)  နောက်ဆုံးဆောင်ထားသော မီတာစာရွက် (3) လစာ မိတ္တူ (သို့) နောက်ဆုံးဆောင်ထားသော Wifi Bill (3) လစာ မိတ္တူ  (သို့)  အိမ်ရှင်အိမ်ငှား စာချုပ် မိတ္တူ
  4. တစ်လအတွင်း ရယူထားသော အလုပ်ထောက်ခံစာ မူရင်း
  5. အာမခံမည့်သူ၏ မှတ်ပုံတင် မူရင်း နှင့် မိတ္တူ

မှတ်ချက်။  

  • Member Customer အလုပ်အပြောင်းရွေ့ရှိလျှင် ပြောင်းသည့်အလုပ်တွင် (3) လနှင့်အထက် ရှိရပါမည်။
  • ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူဆိုပါက စည်ပင်လိုင်စင်အခွန် (1)နှစ်နှင့် အထက် သက်တမ်းရှိရပါမည်။
  • နေထိုင်မှုသက်တမ်း (6) လနှင့်အထက် ရှိရပါမည်။
  • လျှောက်ထားမည့် ပစ္စည်းတန်ဖိုးပေါ် မူတည်၍ (၆) လ (သို့) (၉) လ အရစ်ကျဖြင့် လျှောက်ထားနိုင်ပါတယ်။
  • လျှောက်ထားသူသည် ရန်ကုန်တိုင်းဒေသကြီးအတွင်း နေထိုင်သူ ဖြစ်ရပါမည်။
  • လျှောက်ထားသူ၏ အချက်အလက်ပြည့်စုံပြီး ဆက်သွယ်ရန် လွယ်ကူပါက (2) ရက် မှ (3) ရက် အတွင်း Approve ကျနိုင်ပါသည်။ 
  • ယခုလောလောဆယ် ‌လျှောက်ထားခွင့်ခေတ္တဆိုင်းငံ့ထားသော မြို့နယ်များ
  • လှည်းကူး၊ မှော်ဘီ၊ တိုက်ကြီး၊ ခရမ်း၊ သုံးခွ၊ ကွမ်းခြံကုန်း၊ တွံ့တေး၊ ကော့မှူး

Aeon အရစ်ကျဖြင့် လျှောက်ထားရန် အသေးစိတ်အချက်အလက်များ သိရှိလိုပါက Aeon Myanmar Hotline No. (09 969 712 111) ကို တိုက်ရိုက်ဆက်သွယ် မေးမြန်းနိုင်ပါတယ်။

ဒါမှမဟုတ် Anycall Mobile ရဲ့ မန္တလေးဖုန်း (09 7510 70070) ဖြစ်ဖြစ်

ရန်ကုန်ဖုန်း (09 7510 70077) ကိုဖြစ်ဖြစ် အသေးစိတ်ဆက်သွယ်မေးမြန်း လျှောက်ထားနိုင်ပါတယ်။

Shopping cart
Sign in

No account yet?